Main menu

Background

စားသောက်ကုန်ကြမ်းသုံးမျိုးအတွက် FDA ထောက်ခံချက် တောင်းခံရန်မလိုဘဲ တင်သွင်းနိုင်

Thu, 03/12/2015 - 20:56 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၀)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စားသောက်ကုန်ကြမ်းပစ္စည်းများအား FDA ထောက်ခံ ချက်ဖြင့် သွင်းကုန်လိုင်စင်ကို စိစစ်ပြီး ပြည်တွင်းသို့ တင်သွင်းခွင့်ပြုပေးလျက်ရှိပါတယ်။ မြဝတီနယ်စပ် ကုန်သွယ်ရေးဇုန် တွင် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နေသောxxxx Co,Ltd  မှ ဂျယ်လီပြုလုပ်ရာမှာ အသုံးပြုတဲ့ စားသောက်ကုန် ကြမ်း  ခြောက်မျိုးတင်သွင်းခွင့်လျှောက်ထားခြင်းကို  ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဌာန FDA သို့ တရားဝင်သဘောထားမှတ်ချက်တောင်းခံခဲ့ရာမှာ စားသောက်ကုန်ကြမ်းခြောက်မျိုးအနက် သုံးမျိုး အား FDA   ထောက်ခံချက်မလိုအပ်ကြောင်းနဲ့ ကျန်သုံးမျိုးကိုတော့ FDA ထောက်ခံချက်လိုအပ်ကြောင်း FDA  မှ ပြန်ကြား ထားပါတယ်။ FDA ထောက်ခံချက်မလိုဘဲ လိုင်စင်လျှောက်ထားတင်သွင်းရမယ့် စားသောက်ကုန်ကြမ်းသုံးမျိုးမှာ Potas-sium Citrate ၊ Potassium Sorbate Granular ၊ Citric Acid Monohydrate တို့ဖြစ်တယ်လို့ သိရပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ စတင်သက်ဝင်ပါတယ်။                                                            သွင်းကုန်၊ နေပြည်တော်