Main menu

Background

ရေဘေးကြောင့်ပြည်ပဆန်တင်ပို့မှုများ ရပ်နားထားကြသော်လည်း ရေဘေးအရှိန်ကြောင့် တစ်ပတ်နှစ်ပတ်အတွင်း ဆန်ဈေးအနည်းငယ်ဆက်မာနိုင်

Tue, 08/11/2015 - 19:50 -- journal_editor

      ဒီတစ်ပတ်ဆန်ဈေးကွက်မှာတော့ ဈေးသိသာစွာတက်သွားခဲ့တာကို တွေ့ရပါတယ်။ ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးကွက်မှာ ၂၀၁၅ ခုနှစ် သြဂုတ် ၇ ရက်နေ့ ဈေးနှုန်းများအရ ပေါ်ဆန်းဖျာပုံ လတ်စတစ်အိတ် ကို ၃၉၅၀၀ ကျပ်၊ ထိပ်စ ၄၁၅၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ် ဆန်း ထိပ်စတစ်အိတ်ကို   ၄၂၅၀၀ ကျပ်၊ နယ်စုံ ပေါ်ဆန်း လတ်စ ၃၈၀၀၀ ကျပ်၊ ထိပ်စ ၄၀၀၀၀ ကျပ်ဖြစ်ခဲ့ကြလို့ ယခင်တစ်ပတ်ထက် တစ်အိတ် ကို ၂၅၀၀ ကျပ်မှ ၃၅၀၀ ကျပ်အတွင်း ဈေးနှုန်းသိသာစွာ  တက်ခဲ့ကြောင်း၊ ရေဘေးသတင်းများကြောင့် စားသုံးသူများက စိုးရိမ်ပြီး မိမိတို့လိုသည်ထက်ပိုဝယ်နေကြခြင်း၊ ပစ္စည်းအဝင် ပါးခဲ့ခြင်းနှင့် လက်လီဆိုင်သမား အဝယ်က လည်း သွက်ခဲ့ခြင်းများကြောင့် ဆန်ချောဈေးသိသာစွာ တက်ခဲ့ရတာဖြစ်တယ်လို့ ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရ ပါတယ်။
     အလားတူ ဆန်ချောတွေဖြစ်တဲ့ ပေါ်ကျွဲ တစ်အိတ်ကို ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အတွင်း ဈေးတက်ခဲ့တာ တွေ့ရပါ တယ်။ ရွှေဘိုပေါ်ဆန်းဈေးနှုန်း တစ်အိတ်ကို ၄၆၅၀၀ ကျပ်-၄၈၅၀၀ ကျပ်ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် တစ် အိတ်ကို ကျပ် ၂၀၀၀ မှ ၂၅၀၀ကျပ် အတွင်း ဈေးဆက်တက်လာ ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်ခဲ့မှု ကြောင့် ရန်ကုန်သို့ ရွှေဘိုပေါ်ဆန်းအဝင်နည်းလာလို့ ဈေး ဆက်တက်ရတာဖြစ်တယ်လို့ သိရပါတ ယ်။ ဆန်ကြမ်းတွေဖြစ်တဲ့ ဧည့်မထထိပ်စ တစ်အိတ်ကို ၂၁၅၀၀ ကျပ်၊ မိုးသုခဈေး ၂၂၀၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်၊ ရက် ၉၀ မီးကောက်ဆန် ၂၂၀၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်၊ နွေဆန်ရှယ်ဈေးနှုန်း ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အတွ င်းဖြစ် ခဲ့ကြလို့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ၇၀၀ ကျပ်မှ ၂၅၀၀ ကျပ်အတွင်း ဈေးသိသာစွာ တက်သွားတာတွေ့ရပြီး ရေဘေးကြောင့် ပြည်ပတင်ပို့မှုကို ရပ်နားထားကြသော်လည်း ရေဘေးအလှူအတွက် ဆန်ကြမ်းတွေ အဝယ်သွက်နေလို့ ဈေးတက်သွားခဲ့ရတာ ဖြစ်ကြောင်း၊ ယခု ဝါးတန်းဒိုင်တွင် လက်လီဆိုင်သမားတွေ အဝယ်ပြန်ငြိမ် သွားသော်လည်း ရေဘေးအလှူ၊  ဝါဆိုအလှူ  ဆန်သမားတွေ ကြောင့် ဝယ်လိုအားများနေပြီး  ဆန်အဝင်မှာမူ ပုံမှန်ထက် အနည်းငယ်ပါးနေတယ်လို့ ကုန်စည်ဒိုင်ဆန်ဈေးကွက်မှ သိရှိရပါတယ်။
     ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် ဆန်တစ် အိတ် ၁၀၈ ပေါင်ကို အနည်းငယ်ညံ့ရင် ၁၇၀၀၀ ကျပ်နှင့် ဆန်သားကောင်းရင်  ၁၈၀၀၀ ကျပ်ခန့်   ဈေးနှုန်းဖြစ်ပေါ်နေပြီး ပြည်ပဆန်တင်ပို့မှုကို ရေဘေးကြောင့် ရပ်နား ထားသော်လည်း ရေဘေးအလှူအတွက် ဧည့်မထ ၂၅ မှတ် ဆန်တွေ အဝယ် သွက်နေတယ်လို့ သိရပါတယ်။ တရုတ်လိုင်းဖြစ်တဲ့ မူဆယ်မှာ ၂၀၁၅ ခုနှစ် သြဂုတ်လ ၃ ရက်အထိသာ ဆန်ဈေးနှုန်းထွက်ရှိခဲ့သော်လည်း နောက် ပိုင်းရက်များမှာ ဆန်ဈေးနှုန်းစာရင်းများထွက်ရှိမှုမရှိတော့ဘဲ ကုန်စည်ဒိုင်သို့ နှစ်ဖက်ဆန်ကုန်သည်များ အလာနည်းသွား ပြီး အရောင်းအဝယ်လည်း မဖြစ်တော့ကြောင်း၊ ယခင်ရောင်း ဝယ်ထားပြီးသော  ဆန်အချို့ကိုသာ တင်ပို့မှု အနည်းငယ်ရှိ တော့ကြောင်း၊ ပြည်တွင်းနယ်စုံမှ မူဆယ်သို့ ၂၀၁၅ ခုနှစ် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်ထိ ဆန်မျိုးစုံတန်ချိန် ၁၄၉၀၀ ကျော် ဝင်ရောက်ခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့မှ စ၍ နယ်စပ်ကုန် သွယ်မှုလမ်းကြောင်းများရဲ့ အဓိကထွက်ပေါက်ဖြစ်တဲ့ မန္တလေး(၁၆)မိုင်စစ်ဆေးရေးစခန်းမှ ဆန်စပါးများ  ဖြတ်သန်း သယ်ဆောင်ခြင်းကို တရားဝင်  တားဆီးထားတဲ့အတွက် ရန်ကုန်မှ   မူဆယ်သို့ ဆန်ကားများ မသွားတော့ကြောင်း မူဆယ်နှင့်  ကုန်ကား ဂိတ်များမှ ကြားသိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ တန်ချိန် ၆၂၁၈၄၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၁၅ သန်းကျော်ဖိုးရှိနေ ကာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၁၅၉၄၄၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်ဖိုး ပိုမိုတင်ပို့ထားနိုင်တာ တွေ့ရပါတယ်။ ယခုအခါ ရေဘေးကြောင့် ပြည်ပဆန်တင်ပို့မှုများ ရပ်နားထားကြသော်လည်း ရေဘေးအရှိန်ေ ကြာင့် တစ်ပတ်၊ နှစ်ပတ်အတွင်း  ဆန်ဈေးအနည်းငယ် ဆက်မာနေဦးမည်ဖြစ်ပြီး နောက်ပိုင်းမှာတော့ ပုံမှန်အခြေအနေပြန်ရောက်နိုင်မယ်လို့ ဆန်ဈေးကွက်မှ  သုံးသပ်လျက် ရှိနေကြောင်း တင်ပြလိုက်ပါတယ်။     

 

သန်းအေး-ဆန်စပါး