Main menu

Background

မြန်မာ့ရွှေဈေး ဈေးအမြင့်အတိုင်း ငြိမ်သက်လျက်ရှိနေ

Wed, 08/12/2015 - 17:30 -- journal_editor

      ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြင့်တက်လျက်ရှိသည့် မြန်မာ့ရွှေဈေးသည် ယခု သြဂုတ်လ ပထမပတ်တွင် ဈေးအမြင့်ဖြင့် ငြိမ်သက်လျက်ရှိ ကြောင်းသိရသည်။ ပြည်တွင်းငွေလဲနှုန်းများ အထိုက်အလျောက်ကျဆင်းလာခဲ့ပြီး ေ နာက်ပိုင်းတွင် ယခုကဲ့သို့ ပြည်တွင်းရွှေဈေးများပါ ပြန်လည်ကျ ဆင်းလာခဲ့ကြောင်း၊ ပြည်တွင်းရွှေဈေးများ ကျဆင်းလာသော်လည်း  သိသိသာသာ ကျဆင်းခြင်းမျိုးမဟုတ်သဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ ပါးလျက်ရှိေ ကြာင်း၊  ထို့ပြင် ပြည်နယ်တိုင်းဒေသအသီးသီးတွင် ရေလွှမ်းမိုးမှု များဖြစ်ပွားနေခြင်းကြောင့်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်များပါး နေခြင်းဖြစ်ကြောင်း ရွှေကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။
     "ဈေးကွက်ထဲမှာ အရောင်းအဝယ်ကတော့  တော်တော်လေးကို ပါးတယ်။ မိုးတွင်းလည်းဖြစ်တယ်။ ရေကြီးတာကလည်း ပြည်နယ်တိုင်း နေရာအနှံ့ဆိုတော့ဈေးကွက်ထဲမှာ အရောင်းအဝယ်က မဆိုစလောက်ကလေးပဲဖြစ်နေ တာ။ ပြည်တွင်းငွေလဲနှုန်းတွေက ကျတယ်လို့ ပြောရပေမယ့် သိပ်အကျ ကြီးမဟုတ်တဲ့အတွက် ပြည်တွင်းရွှေဈေးက သိသိသာသာကြီး ကျမသွားဘူး။ ဈေးကျမသွားတဲ့အတွက်လည်း အရောင်းအဝယ်ပါးလာတယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် ကမ္ဘာ့ရွှေဈေးကတော့ ဒီတစ်ပတ်ထဲမှာ နည်းနည်းထပ်ကျသွား တယ်"ဟု ရွှေကုန်သည် ဦးစံမြင့်က ပြောကြားခဲ့သည်။ သြဂုတ်လ ၃ရက်နေ့က ကျပ် ၇၂၁၀၀၀ ရှိခဲ့သည့်မြန်မာ့ရွှေဈေးသည် သြဂုတ်လ ၇ ရက်နေ့တွင်လည်း ကျပ် ၇၂၀၀၀၀ ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးသည် သြဂုတ်လ ၃ ရက်နေ့က ၁၀၉၅ ဒေါ်လာရှိခဲ့ပြီး သြဂုတ်လ ၇ရက်နေ့တွင် ၁၀၈၈ ဒေါ် လာသို့ကျဆင်းခဲ့သည်။