Main menu

Background

ဆန်သစ်များ ဈေးအနည်းငယ်တက်သော်လည်း အရောင်းအဝယ်ပုံမှန်ဖြစ်

Thu, 01/28/2016 - 11:46 -- journal_editor

ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့လက်ကားဆန်ဈေးနှုန်းများမှာ ဇန်နဝါရီလ ၂၂ ရက်ဖျာပုံပေါ်ဆန်း ဆန်သစ်ဈေးကတော့ ထိပ်စတစ်အိတ် ၃၀၅၀၀ ကျပ်၊ လတ်စ တစ်အိတ် ၂၉၅၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ်ပေါ်ဆန်း ဆန်  အသစ်ဈေး ထိပ်စတစ်အိတ် ၃၁၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၀၀၀၀ ကျပ်နဲ့  နယ်စုံပေါ်ဆန်းဆန်သစ်ဈေးထိပ်စတစ်အိတ် ၃၀၀၀၀ ကျပ်၊ လတ်စတစ်အိတ် ၂၇၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ထိပ်စတစ် အိတ် ၅၀၀ ကျပ်ခန့်  ဈေးတက်လာကြောင်း၊ ကုန်စည်ဒိုင်ဈေးနှုန်းစာရင်းအရ စိစစ်တွေ့ရှိရပါတယ်။ ပေါ်ဆန်းဆန်ဟောင်းများဖြစ်တဲ့ ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်နဲ့နယ်စုံတို့ရဲ့ ပေါ်ဆန်းဆန်ချောဈေးနှုန်းများ ပြောင်းလဲမှုမရှိဘဲယခင် တစ်ပတ်အတိုင်းဈေးငြိမ်နေပါတယ်။ ဆန်ချောဖြစ်တဲ့ပေါ်ဆန်းဆန်ဟောင်းကအဝယ်မလိုက်ဘဲဈေးငြိမ်နေပြီး ဒိုင်သို့လည်းအဝင်နည်းကြောင်း၊ ပေါ်ဆန်းဆန်သစ်ဒိုင်သို့ အဝင်ပုံမှန်ရှိပြီး၊ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ ကုန်စည် ဒိုင်ဈေးကွက်မှ သိရပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်အသစ်ဈေးကတော့ ထိပ်စတစ်အိတ် ၂၁၅၀၀ ကျပ်၊ လတ်စ တစ်အိတ် ၂၁၀၀၀ ကျပ်၊ မနောသုခသစ်ရှယ် ဈေးနှုန်းက ၂၂၀၀၀ ကျပ်မှ ၂၃၀၀၀ ကျပ်ဈေးဖြစ်လို့ ယခင် တစ်ပတ်ထက်ထိပ်စနဲ့လတ်စ တစ်အိတ်ကို ၅၀၀ ကျပ်ခန့် ဈေးမြင့်လာပါတယ်။ ဆန်ကြမ်းအဝင်နည်းပြီး အရောင်းအဝယ်ပုံမှန်နဲ့ခပ်အေးအေးသာသွားနေကြောင်း ဈေး ကွက်မှ စုံစမ်းသိရှိရပါတယ်။ယခုတစ်ပတ် မူဆယ်ဆန်ဈေး ကွက်ရဲ့ဇန်နဝါရီ ၂၂ ရက်ဈေးနှုန်းများအရဧည့်မထ ၅ မှတ် မှော်ဘီ၊ စူပါ၊ ဆန်ဈေးနှုန်းမှာ တစ်ယွမ်ခန့်တက်လာပြီး၊ ဧည့်မထ ၅ မှတ် မနောသုခ ဆန်ဈေးနှုန်းမှာတစ်ယွမ်ခန့် ဈေးကျကြောင်း၊ ကျန်ဆန်များမှာဈေးနှုန်းပြောင်းလဲ မှု မရှိဘဲ ဈေးငြိမ်နေကာ အရောင်းအဝယ် အနည်းငယ်အေးနေတယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၂၂  ရက် ငွေလဲနှုန်းမှာ တစ်ယွမ်ကို ၁၉၆ကျပ်ဖြစ်ကြောင်း၊ ဒီတစ်ပတ် ပြည်တွင်းနယ်စုံမှမူဆယ်သို့ နေ့စဉ်ဆန်တန်ချိန်ပျမ်းမျှ  ၁၀၀၀ကျော် ၂၀၀၀ ခန့် ဝင်ရောက်နေပြီး ယခုတစ်ပတ်အတွင်းမူဆယ်သို့ စုစုပေါင်းတန်ချိန် ၉၀၇၇ ခန့် ဝင်ရောက်ခဲ့လို့ ယခင်တစ်ပတ်ထက် တန်ချိန် ၄၂ ပိုမိုဝင်ရောက်ခဲ့တယ်လို့မူဆယ်ဆန်ဈေးကွက်မှ သိရပါတယ်။မြန်မာ ဆန်ပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ ၁၅ ရက်ထိ တန်ချိန် ၉၀၆၅၂၅ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၃၂ သန်းကျော်ဖိုးရှိနေပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၁၇၁၆၀၈ ကျော်၊ လျော့နည်း တင်ပို့ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉သန်းကျော်ဖိုးရှိပါတယ်။ ဆန်ကွဲပြည်ပတင်ပို့မှုမှာ တန်ချိန် ၃၀၇၂၅၁ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၅ သန်းကျော်ဖိုးရှိနေပြီး၊ ယခင်ဘဏ္ဍာနှစ် ကာလ တူထက် တန်ချိန် ၅၁၅၁၆ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ဖိုးရှိကြောင်း  သိရပါတယ်။               

MIRT-YGN