မြန်မာတို့၏ရိုးရာသြင်္ကန်ကာလနီးကပ်လာသဖြင့် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းလာခဲ့ကြောင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။''သြင်္ကန်ကာလလည်းနီးလာတော့ ဈေးကျမယ်လို့ခန့်မှန်းထားတဲ့အတွက် ပြန် ထုတ် ရောင်းတဲ့သူတွေများလာတယ်။ ကားတင်သွင်းတဲ့သူတွေလည်း နည်းသွားတဲ့အတွက် ဈေးကွက်ထဲမှာဝယ်လိုအား နည်းလာပြီးရောင်းလိုအားက များလာတဲ့အတွက် ဈေးကျလာရတာပါ။ သြင်္ကန်ရောက်ဖို့က တစ်ပတ် ပဲလိုတော့တာ ဆိုတော့ တချို့လုပ်ငန်းတွေ ရပ်ဖို့စိုင်းပြင်းနေကြပြီ။ အစိုးရသစ်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့်နေကြတဲ့သူတွေရှိနေတော့ ဈေးကွက်ထဲမှာ အဝယ်နည်းသွားတယ်။ အဲဒါကြောင့် ဈေးကျလာရတာပါ။ သြင်္ကန်ပြီးတဲ့အထိ ဈေးကျနေ မှာပါ''ဟု ငွေလဲကောင်တာတစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ရန်ကုန်မြို့၏ ငွေလဲကောင်တာများတွင် မတ် ၂၈ရက်က ရောင်းဈေး ၁၂၁၁ ကျပ်၊ ဝယ်ဈေး ၁၂၀၇ ကျပ်ရှိခဲ့ပြီး မတ် ၃၀ ရက်တွင် ရောင်းဈေး ၁၂၀၇ကျပ်၊ ဝယ်ဈေး ၁၂၀၄ကျပ်သို့ ကျဆင်းခဲ့သည်။ ထို့နောက် မတ် ၃၁ ရက်တွင် ဆက်လက် ကျဆင်းလာခဲ့ပြီးရောင်းဈေး ၁၂၀၁ ကျပ်၊ ဝယ်ဈေး ၁၁၉၇ကျပ်ရှိခဲ့ သည်။ ဧပြီလ ၁ရက်တွင် ရောင်းဈေး ၁၁၉၈ ကျပ်၊ ဝယ်ဈေး ၁၁၉၄ကျပ်သို့ ဆက်လက်ကျ ဆင်း ခဲ့သည်။
မယ်သီတာ