Main menu

Background

ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာ

Thu, 05/31/2018 - 10:45 -- journal_editor

 

ယခုလဆန်းမှစတင်ကာ ဈေးကျခဲ့သည့် ပြည်တွင်းရွှေဈေးမှာ မေလစတုတ္ထ ပတ်တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်မှ စုံစမ်းသိရှိရ သည်။ မေလတတိယပတ်က ကျပ် ၉၃၃၀၀၀ ဈေးရှိခဲ့သော ပြည်တွင်းရွှေဈေးနှုန်း များသည် မေလစတုတ္ထပတ်အတွင်း ကျပ် ၉၃၅၀၀၀ဖြင့် အနည်းငယ်မြင့်တက်လာခဲ့ ကြောင်း ဖြစ်သည်။

“ပြည်တွင်းရွှေကတော့ ဈေးအနည်းငယ် တက်တယ်ဆိုပေမယ့် ဒါကလည်း သိပ်အတက်ကြမ်းတယ်လို့ မဆိုသာသေးဘူး။ ကျောင်းဖွင့်ရာသီလည်းဖြစ်လို့ ကလေးတွေ ပညာရေးလည်းရှိတော့ လက်ဝတ်ရတနာအတွက် ငွေသိပ်မသုံးသေးဘူး။ ကမ္ဘာမှာတော့ မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်းတယ်လို့ ဒီတစ်ပတ်ထဲမှာသတင်းထုတ်ပြန် လိုက်ချိန်ကစပြီး ကမ္ဘာ့ရွှေဈေး ပြန်တက်လာတယ်။ ဒီအတိုင်းဆို ဈေးထပ်တက်လိမ့်မယ်လို့မြင်မိတယ်”ဟုပြည်တွင်း ရွှေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။

ပြည်တွင်းရွှေဈေးကွက်တွင် မေ ၂၁ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၃၁၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ မေ ၂၃ ရက်တွင် ကျပ်၉၃၂၅၀၀သို့ တက်လာ ခဲ့ပြီး မေ ၂၅ ရက်တွင် ကျပ် ၉၃၅၀၀၀သို့ ဆက်လက်မြင့်တက် ခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ရွှေဈေးကွက်တွင်လည်း မေ၂၁ရက်က ရွှေတစ်အောင်စလျှင် ၁၂၈၄ အမေရိကန်ဒေါ်လာရှိခဲ့ရာမှ မေ ၂၃ ရက်တွင် တစ်အောင်စလျှင် ၁၂၉၇ အမေ ရိကန်ဒေါ်လာသို့ မြင့်တက်လာပြီး  မေ၂၅ ရက်တွင် ၁၃၀၃ အမေရိကန်ဒေါ်လာ ဖြင့်ဈေးပိတ်သိမ်းသွားခဲ့ကြောင်း သိရသည်။                      

သန်းထိုက်အောင်