Main menu

Background

ကလေးမြို့၏ ကြက်သွန်ဖြူနှင့် ကြက်သွန်နီဈေးကွက်

Thu, 08/01/2019 - 14:54 -- journal_editor

ကလေးမြို့တွင် တောင်သူအများစုသည် လြယ်ပီး လျှင ် မိမိတို့အပိုဝင်ငွေရရှိစေရန် ရရှိသည့် အချိန်အတွင်း နေကြာ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ စိုက်ပျိုးကြသည်။ ကလေးမြို့၏အနောက်ဘက်အခြမ်းဖြစ်သည့် ကြို့သုံးပင်ရပ်ကွက်တွင် နှစ်စဉ် နှစ်တိုင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများကိုစိုက်ပျိုးကြသည်။ တစ်ဆင့်ခံ ရောင်းချသူများအနေဖြင့် မိမိတတ်နိုင်သည့် အရင်းအနှီး ဖြင့် ကုန်နိုင်သည့်ပိဿာ ခန့်မှန်းတွက်ချက်ပြီး တစ်နှစ်စာဝယ်ယူသိုလှောင်ထားကြသည်။ ယခင်နှစ် ဇူလိုင်က ကြက်သွန်နီတစ်ပိဿာကျပ် ၁၀ဝ၀ ၊ ကြက်သွန်ဖြူ တစ်ပိဿာကျပ် ၁၃၀ဝ၊ ကြူကုတ် ကြက်သွန်ဖြူ တစ်ပိဿာကျပ် ၂၀ဝ၀ ပေါက်ဈေးသာရှိပြီး ယခုနှစ်ဇူလိုင်အတွင်းတွင် ကြက်သွန်နီတစ်ပိဿာကျပ် ၈၀ဝ-၁၀ဝဝ-၁၂၀ဝ၊ ကြက်သွန်ဖြူတစ်ပိဿာကျပ်၂၀ဝဝ-၃၀ဝဝ-၄၀ဝ၀ အထိဈေးနှုန်း မြှင့်တက်ခဲ့သည်။ ထိုသို့ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူများသည် အများစုသိုလှောင်၍ ရောင်းချခြင်းမရှိဘဲ ပေါ်စတွင် တစ်ပိဿာ ကျပ် ၈၀ဝ - ၁၀ဝ၀ ဖြင့် ရောင်းချကြသည်။ ယခုနှစ်စိုက်ပျိုးထွက်ရှိမှုတွင် လည်းရာသီဥတုမကောင်း၍ ယခင်နှစ်လောက် ထွက်ရှိမှုမရှိကြောင်း သိရသည်။ ရောင်းဝယ်သူများ အနေဖြင့်လည်း ယခင်နှစ်ကဈေးနှုန်းမတက်ဘဲရောင်းချရသည့် အတွက် အပုပ်အနာအစာပစ်လိုက် လျှင် အရင်းရအောင် မနည်းရောင်းချရသည့်အတွက် ယခုနှစ်တွင် သိုလှောင်သူများနည်းပါးခြင်း၊ အထွက်နှုန်းလျော့နည်းခြင်း များကြောင့် ဈေးနှုန်းမြှင့်တက်ခြင်းဖြစ်ကြောင်း ကြက်သွန်ဖြူရောင်းချသည့် ဒေါ်ပူစူးမက ပြောသည်။ စန္ဒာမွန်(ကလေးမြို့)