Main menu

Background

COVID-19 ကာလအတွင်း စျေးမတက်ဘဲရှိနေတဲ့ ပြည်ကြက်သွန်ဖြူ

Thu, 10/08/2020 - 13:25 -- journal_editor

ပြည်စျေးကြီးနှင့် ပွဲရုံများတွင် COVID-19 ကာလအတွင်း အခြားစားဖိုဆောင်သီးနှံများကဲ့သို့ စျေးမတက်ဘဲ ကြက်သွန်ဖြူလိုင်းစျေးငြိမ်စွာနှင့် ရောင်း၀ယ်နေတာတွေ့ရသည်။ COVID-19 ရောဂါများ ဖြစ်ပွားနေချိန်ဖြစ်၍ တစ်နေရာနှင့် တစ်နေရာ သွားလာမှုယခင်လို မချောမွေ့တာကြောင့် ကုန်စီဆင်းမှုများ ကုန်အရောင်း အ၀ယ်များလည်း ပုံမှန်မဖြစ်နေဘဲ ဒေသတွင်းအရောင်းအ၀ယ်လောက်သာရှိနေပါတယ်။ ယခုတစ်ပတ် ကြက်သွန်ဖြူစျေးနှုန်းမှာ (ပွဲရုံစျေး) တစ်ပိဿာလျှင် (ရှမ်းစ) ကျပ်၂၀၀၀၊ ၂၃၀၀ နှင့် (ကြူကုတ်စ)ကို ကျပ် ၁၉၀၀၊၂၀၀ စျေးတို့ဖြင့် အိတ်ဆွဲစျေးရောင်းချလျက်ရှိနေသည်။ လက်လီစျေးများတွင် (ရှမ်းစ) ကျပ် ၃၀၀၀၊ ၃၅၀၀ နှင့် (ကြူကုတ်စ)ကိုတော့ ကျပ် ၂၂၀၀ စျေးတို့ဖြင့် ရောင်းချလျက်ရှိနေသည်။ ကြက်သွန်ဖြူဥတစ်လုံး(အသေး) တစ်ပိဿာလျှင် လက်လီ ကျပ် ၄၀၀၀ စျေးဖြင့် ရောင်းချနေတာတွေ့ရသည်။

နီနီ၀င်း (ပြည်)