Main menu

Background

ချင်းလက်ကားစျေးအနည်းငယ်ကျလာ

Thu, 10/08/2020 - 13:26 -- journal_editor

ပြည်ချင်းပွဲရုံများတွင် လက်ကားစျေးနှင့် လက်လီစျေးများစက်တင်ဘာလလယ်မှ စပြီးစျေးနှုန်းငြိမ်နေခဲ့တာတွေ့ရသည်။ ယခုအောက်တိုဘာပထမပတ်တွင် ချင်းပွဲရုံများတွင် ချင်းစျေးအနည်းငယ် ကျလာတယ်လို့ သိရသည်။ ပြည်နှင့် နယ်ချင်းနီးစပ်သော ဟင်္သာတချင်းလည်း ရက်ခြား၀င်ရောက်လျက်ရှိနေတာသိရသည်။ ယခုပတ်ချင်းစျေးမှာ (ပွဲရုံ)အိတ်ဆွဲစျေး တစ်ပိဿာလျှင် ကျပ် ၁၈၀၀၊ ၂၀၀၀ နှင့်သန့်ပြီးလက်ကားစျေးမှာ ကျပ် ၂၅၀၀၊ ၂၈၀၀ စျေးတို့ဖြင့် ရောင်းချ နေတာတွေ့ရသည်။ ဒေသတွင်းလက်လီစျေးများတွင် ချင်းတစ်ပိဿာစျေးမှာ ၃၅၀၀ ကျပ်စျေးဖြင့်ရောင်း၀ယ်နေသည်။ ဓားလှီးချင်းဖတ် တစ်ပိဿာကျပ် ၃၀၀၀ စျေးဖြင့် ရောင်းချနေတာ တွေ့ရသည်။ ယခုတစ်ပတ်ချင်းစျေး တစ်ပိဿာ ပေါ်တွင် (ပွဲရုံ)စျေး ကျပ် ၂၀၀၊ ၃၀၀ စျေးကျလာခြင်းဖြစ်ပါတယ်။

နီနီ၀င်း (ပြည်)