Main menu

Background

နယ်အစွဲမရှိတော့တဲ့ ပြည်မန်ကျည်းမှည့်စျေးငြိမ်နေ

Thu, 10/08/2020 - 13:28 -- journal_editor

ပြည်မန်ကျည်းပွဲရုံ လှောင်လက်သမားတို့ နယ်အ၀ယ်မရှိတာကြောင့် ဒေသတွင်းလက်လီလောက်သာ အရောင်းအ၀ယ်ရှိနေတာသိရသည်။ ယခုအချိန်သည် မန်ကျည်းမှည့်အသစ်တွေမပေါ်သေး၍ မန်ကျည်းမှည့် နယ်အ၀ယ်များပြီး စျေးကောင်းရချိန်ဖြစ်သည်။ ရောဂါဖြစ်ပွားချိန်ကြောင့် မန်ကျည်းမှည့်ရောင်း၀ယ်ရေးလည်း အေးနေပြီး စျေးနှုန်းလည်းအေးနေခဲ့ပါတယ်။ ယခုတစ်ပတ် မန်ကျည်းမှည့် တစ်ပိဿာ (ပွဲရုံစျေး) ကတုံးစျေး ကျပ် ၁၈၀၀ နှင့် အသားစျေးကျပ် ၃၂၀၀ ဖြစ်တယ်။ လက်လီစျေးတွင် ကျပ် ၃၈၀၀၊ ၄၀၀၀ စျေးတို့ဖြင့် ရောင်းချနေတာ တွေ့ရသည်။

နီနီ၀င်း (ပြည်)