Main menu

Background

ပြည်ကြက်သွန်နီစျေးကွက် အရောင်းအ၀ယ်အေးလျက်ရှိ

Thu, 10/08/2020 - 13:37 -- journal_editor

ယခုအောက်တိုဘာလ ပထမပတ်အတွင်း ပြည်ကြက်သွန်နီစျေးကွက်သို့ ရေနံချောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူဘက်မှ ကြက်သွန်နီများ ပိဿာ ၃၀ ၀င်အိတ် ၅၀၀ ခန့်နှင့် အောင်လံ၊ သရက်ဘက်မှ ကြက်သွန်နီအိတ် ၁၅၀-၂၀၀ ခန့်ကို တစ်ရက် ခြား၀င်ရောက်မှုရှိနေကြောင်းသိရသည်။ စျေးကွက်သို့ကြာရှည်အထားခံပြီး အရည် အသွေးကောင်းသည့် ဆိပ်ဖြူ၊ ပခုက္ကူကြက်သွန်နီများ ပိုမို၀င်ရောက်မှုရှိနေပြီး အရောင်းအ၀ယ်အနေဖြင့် ၀င်ရောက်မှုရဲ့ သုံးပုံတစ်ပုံခန့်သာ ရောင်း၀ယ် မှုရှိနေသည့်အတွက် အရောင်းအ၀ယ်မှာ စားသုံးသူပြည်သူများမှ COVID- 19 ကူးစက်ရောဂါကြောင့် ပုံမှန်ဒေသတွင်း၀ယ်လက်သမားများရော အိတ်ဆွဲသမားများပါ ၀င်ငွေ/ ထွက်ငွေချိန်ဆသုံးစွဲနေရသဖြင့် အရောင်းအ၀ယ်မှာအေးနေ ခြင်းဖြစ်ကြောင်းသိရသည်။ စျေးနှုန်းများ အနေနဲ့ ပွဲရုံလက်ကားစျေးတစ်ပိဿာလျှင် (ကြီး/လတ်/သေး)ကျပ် ၁၁၅၀/၁၁၀၀-၁၀၅၀/၁၀၀၀ နှုန်းတို့ရှိပြီး လက်လီ စျေးအသေးများတွင် (ကြီး/လတ်/သေး) ကျပ် ၁၄၀၀-၁၃၅၀/ ၁၃၀၀-၁၂၅၀/ ၁၂၀၀ စတဲ့နှုန်းများဖြင့် အသီးသီးရောင်း၀ယ်မှုရှိနေသည့်အတွက် ယခင်အပတ်စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကျပ် ၁၀၀-၁၅၀ခန့် မြင့်တက်သွားခဲ့ကြောင်းသိရသည်။

၀င်းလဲ့ဝါ (ပြည်)