Main menu

Background

ပြည်စျေးကွက်သို့ နှမ်းအိတ်များရက်ခြား၀င်ရောက်မှုရှိပေမယ့် ပုံမှန်အရောင်းအ၀ယ်ဖြစ်

Thu, 10/08/2020 - 13:40 -- journal_editor

ပဲခူးတိုင်းဒေသကြီး (အနောက်)ပြည်ခရိုင်တွင် ယခုနှစ် မိုးနှမ်းရာသီတွင် စိုက်ဧကမှာ ၈၂၂၇၉ ဧကစိုက်ပျိုးပြီး ၈၂၁၁၁ ဧကရိတ်သိမ်းနိုင်ခဲ့ပါတယ်။ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၁၀ ဒသမ ၆၅ တင်း ထွက်ရှိလို့ အထွက်တင်းမှာ ၈၇၄၄၉၁ တင်းထွက်ရှိတာတွေ့ရပါတယ်။ ပြည်စျေးကွက်သို့ နှမ်းနက်နှင့် စမုံနက်နှမ်းကို မြန်အောင်၊ ကြံခင်း၊ မိုးညိုနှင့် ပေါင်းတည်ဘက်မှ အ၀င်ရှိပေမယ့် COVID- 19 ကူးစက်ရောဂါ ကြောင့် လမ်းပန်းဆက်သွယ်ရေးမှာခက်ခဲတဲ့ အတွက် နေ့စဉ်အ၀င်မရှိပေမယ့် တစ်ပတ်လျှင် သုံးတင်း၀င်အိတ် ၁၅၀၀ အိတ်ခန့် အ၀င်ရှိပြီး နှမ်းနီမှာ ပြည်ခရိုင်တွင် စိုက်ဧကနည်းလို့ သီးနှံလိုသလောက်မရတဲ့အတွက် မြို့တွင်းဆီစက်တချို့က အောင်လံနှင့် မင်းတုန်းဘက်မှ တစ်ပတ် လျှင် အိတ် ၅၀၀ခန့် ၀င်ရောက်လာတဲ့နှမ်းနီကို ၀ယ်ယူဆီကြိတ်လို့ နှမ်းမှာ၀င်သလောက်အရောင်းအ၀ယ်ဖြစ်တာတွေ့ရပါတယ်။ ယခုအပတ် နှမ်းနီသုံးတင်းတစ်အိတ်လျှင် ကျပ် ၉၅၀၀၀၊ နှမ်းနက်သုံးတင်းတစ်အိတ်လျှင်ကျပ် ၁၆၀၀၀၀ နှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၈၅၀၀၀ ဖြင့် ရောင်း၀ယ်လျက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)