Main menu

Background

အရောင်းအ၀ယ်ပုံမှန်ပုံလျှက်ရှိတဲ့ ပြည်မြေပဲဆန်

Thu, 10/08/2020 - 13:41 -- journal_editor

ပဲခူးတိုင်းဒေသကြီး (အနောက်)ပြည်ခရိုင်တွင် မိုးမြေပဲစိုက်ဧကမှာ ၄၇၁၀၈ ဧက စိုက်ပျိုးပြီး ရိတ်ဧကမှာ ၄၆၈၂၃ ဧကရိတ်သိမ်းနိုင်ခဲ့ပြီး အထွက်နှုန်းမှာ ၅၉ ဒသမ ၄၈ တင်းထွက်ရှိလို့ စုစုပေါင်းအထွက်တင်းမှာ ၂၇၈၅၁၇၉ တင်းထွက်ရှိ တာတွေ့ရပါသည်။  ပြည်စျေးကွက်သို့ မိုးမြေပဲများကို ပြည်- အောင်လံကြား ကျေးရွာများနှင့် ကြံခင်း၊ မြန်အောင်နှင့် ကံမဘက်မှ ရက်ခြား ၂၅ ပိဿာ၀င်အိတ် ၃၀၀၀ ခန့်၀င်ရောက်မှုရှိပြီး ရန်ကုန်၀ယ်လက်နှင့် ပြည်မြို့ရှိဆီစက်များက အ၀ယ်ရှိလို့  ၁၅၀၀-၂၀၀၀ ခန့်သာ ရက်ခြား အ၀ယ်ရှိတာတွေ့ရသည်။ ယခုအပတ် မြေပဲဆန်စျေးများမှာ ဆီဆန်တစ်ပိဿာလျှင်ကျပ်  ၁၈၀၀၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ကျပ်၂၆၀၀ နှင့် လုံးဆန်(အနီ) တစ်ပိဿာလျှင်ကျပ် ၂၈၀၀ ဖြင့် ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိသည်။

ဝေဝေမင်း(ပြည်)