Main menu

Background

ယခုတစ်ပတ်မန်ကျည်းတင်ပို့မှုလျော့

Fri, 10/09/2020 - 12:18 -- journal_editor

စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်သီတင်းပတ်အတွင်း မန်ကျည်းသုညဒသမ ၉၉၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် ဘယ်လ်ဂျီယံ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က မန်ကျည်းတန်ချိန် ၁၅၀ တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တင်ပို့မှုတော်တော်လေး လျော့နည်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် မန်ကျည်းစေ့သာ တင်ပို့ခဲ့သည်။ မန်ကျည်းစေ့တစ်တန် အမေရိကန်ဒေါ်လာ ၂၅၀ ရရှိခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် မန်ကျည်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၄၉ ဒေါ်လာ ဝင်ငွေရရှိခဲ့သည်။

သီတာဝင်း (DOT)