Main menu

Background

ချင်းတန်ချိန် ၃၀နီးပါးတင်ပို့

Fri, 10/09/2020 - 12:20 -- journal_editor

စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၃ ရက်သီတင်းပတ်အတွင်းချင်း ၂၉ တန်ကို ပင်လယ်ရေကြောင်းလမ်းမှတင်ပို့ခဲ့သည်။ ယခုတစ်ပတ် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသို့ ၂၈ ဒသမ ၅ တန်နှင့်  စင်ကာပူနိုင်ငံသို့ သုည ဒသမ ၅ တန်တင်ပို့ ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ချင်းခြောက်တင်ပို့ခဲ့ပြီး တစ်တန်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅၁၅ ဒေါ်လာ ရရှိခဲ့သည်။ ယခင်သီတင်းပတ်က ချင်း ၈၉ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၆၀ တင်ပို့မှုလျော့နည်းခဲ့သည်။ ယခုတစ်ပတ်ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၄၉၆၃ ဒေါ်လာ ဝင်ငွေရရှိခဲ့သည်။

သီတာဝင်း (DOT)