Main menu

Background

မော်လမြိုင်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

Fri, 10/09/2020 - 12:39 -- journal_editor

မော်လမြိုင်မြို့၏ အောက်တိုဘာလဒုတိယပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၈၇၀၀၀၀ ၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၃၆၅၀၀ ၊ ဧည့်မထ (စပါး) တင်း ၁၀၀ လျှင်ကျပ် ၆၅၀၀၀၀၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ်၂၈၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၂၂၀၀၊ မြေပဲဆီတစ်ပိဿာ ကျပ် ၈၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၄၀၀၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာ ကျပ် ၃၀၀၀ ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၂၅၀၀၊ မန်ကျည်းမှည့် တစ်ပိဿာ  ကျပ် ၅၀၀၀၊ ငရုတ်ခြောက် တစ်ပိဿာ ကျပ် ၅၀၀၀၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ  ကျပ် ၅၀၀၀၊ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၂၂၀၀၊ မြေပဲဆန် တစ်ပိဿာ ကျပ် ၃၁၅၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၄၀၀၊ မွေးမြူရေးကြက်သား တစ်ပိဿာကျပ် ၆၀၀၀၊ ဝက်သားတစ်ပိဿာ ကျပ် ၁၀၀၀၀၊ ဆိတ်သားတစ်ပိဿာ ကျပ် ၂၅၀၀၀၊ အမဲသားတစ်ပိဿာ ကျပ် ၁၂၀၀၀၊ ငါးကြင်း တစ်ပိဿာ ကျပ် ၁၀၀၀၀၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၇၀၀၀၊ ကြက်ဥ/ဘဲဥ တစ်လုံးလျှင် ကျပ် ၁၅၀/၂၂၀၊ ​ရော်ဘာ RSS-3 တစ်ပေါင်လျှင် ကျပ် ၇၂၀၊ ရွှေ ၁၆ပဲရည် ကျပ် ၁၃၁၃၀၀၀၊ ရွှေ ၁၅ပဲရည် ကျပ် ၁၂၂၃၀၀၀၊ ရွှေ ၁၄ပဲရည် ကျပ် ၁၁၀၀၀၀၀၊ ဓာတ်ဆီ တစ်ဂါလန် ၂၉၄၇ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၆၇၇ ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်  ၂၀၀၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် ကျပ်  ၂၀၀၊ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၂၀၀အသီးသီးဈေးအနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရသည်။

ငြိမ်းမြတ်ကျော်(မွန်)