Main menu

Background

မြေသြဇာဈေးကွက်အခြေအနေ

Fri, 10/09/2020 - 13:17 -- journal_editor

ပြည်တွင်းဈေးကွက်များဖြစ်သည့်မော်လမြိုင်၊ တောင်ကြီး၊ မကွေးနှင့် မန္တလေးတို့တွင် အရောင်းအေးကြောင်း သိရသည်။

မော်လမြိုင်ဈေးကွက်၌ ကိုဗစ်ကာလအခြေအနေကြောင့် ဆိုင်တော်တော်များများပိတ်ထားပြီး ဆိုင်အချို့သာ အရောင်းအဝယ်ရှိကြောင်း အရောင်းအဝယ်များလည်းအေးနေကြောင်း သိရသည်။ ယခုတစ်ပတ် ပုလဲ(အသေး) (တရုတ်-နဂါး)ကကျပ် ၁၀ဝ၀၊ တီစူပါ(၄၆%) (သံကွင်း)ကကျပ် ၅၀ဝ၊ ပိုတက် (အမ်စီ)(နွားခေါင်း)နှင့် ပိုတက် (မာကိုတာ)က ကျပ်၂၀ဝ၀ ဈေးကျကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာပုလဲ-အကြီး (အမ်စီ)ကျပ် ၂၅၀ဝ၀၊ ပုလဲ-မြန်မာ(နဂါး-တရုတ်)ကျပ်၂၆၅၀ဝ၊ ပုလဲ-မြန်မာ (စုစံ)ကျပ် ၂၄၅၀ဝ၊ ကွန်ပေါင်း (အစိမ်း) (၁၅:၁၅:၁၅)(အမ်စီ)ကျပ် ၄၀ဝ၀ဝ၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ကျပ်၂၃၀ဝ၀၊ ကွန်ပေါင်း (တရုတ်) (၁၀:၁၀:၅) (မြှားနီ) ကျပ်၂၀ဝ၀ဝ၊ တီစူပါ (၂၀%) (မြှားကမ္ဘာ-တရုတ်) ကျပ် ၂၂၅၀ဝ၊ ပိုတက်(မာကိုတာ)ကျပ်၂၇၀ဝ၀၊ ပိုတက်(အမ်စီ) (နွားခေါင်း)ကျပ် ၂၈၀ဝ၀၊ ကွန်ပေါင်း(ထိုင်း)( Grow How)ကျပ် ၃၇၀ဝ၀ ဖြင့်အရောင်းအဝယ် ဖြစ်နေကြောင်းသိရှိရသည်။

မန္တလေးဈေးကွက်၌ အရောင်းအေးနေကြောင်းသိရသည်။ ယခု တစ်ပတ်အာမို (၁၀:၁၀:၅) ကကျပ် ၅၀ဝ ဈေးမြင့်ပြီး ကျန်မြေသြဇာများက ယခင်ဈေးအတိုင်းအရောင်း အဝယ်ဖြစ် ကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေသည့် ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်)၊ ကျပ်၂၃၄၀ဝ၊ ယူရီးယား(ပန်းဖူး-တရုတ်)ကျပ် ၂၃၅၀ဝ၊ တီစူပါ(၄၆%-တရုတ်) ကျပ်၂၀၆၀ဝ၊ မြှားသီးစုံကျပ် ၁၇၆၀ဝ၊ ပန်းသီးစုံ ကျပ်၁၇၆၀ဝ၊ အာမို (၁၀:၁၀:၅)ကျပ် ၁၈၅၀ဝ၊ အာမို(၁၅:၁၅:၁၅) ကျပ် ၃၈၅၀ဝ၊ ပိုတက် ကျပ် ၂၅၅၀ဝ၊ မြှားကမ္ဘာ ကျပ် ၁၇၆၀ဝ၊ မြှား(၁၅:၉:၈) ကျပ် ၂၁၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မကွေးဈေးကွက်၌အရောင်းအဝယ်အေးကြောင်းသိရသည်။ယခု တစ်ပတ် မြှား(၁၅:၇:၈)က ကျပ် ၅၀ဝ၊ အာမို(၁၅)ပတ်လည်က ကျပ် ၆၀ဝ၊ တောင်သူမက ကျပ် ၂၀ဝ၊ ဇာမနီက ကျပ် ၁၀ဝ၀ ဈေးကျပြီးအာမို (၁၆:၁၆:၈) က ကျပ် ၄၀ဝ၊ အာမို(၁၀:၁၀:၅)ကကျပ် ၂၀ဝ၊ ယူရီးယား-ပုလဲ (အသေး) (ပန်းဖူး၊ ရွှေတောင်)က ကျပ် ၅၀ဝ ဈေးမြင့်ကြောင်း သိရသည်။ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ မြှားကမ္ဘာ-တရုတ် (၁၂:၁၃)ကျပ် ၁၇၅၀ဝ၊ ဆင် (၁၀:၁၀:၅) ကျပ် ၁၇၈၀ဝ၊ သီးစုံ (ဝါစိမ်းပြာ) ကျပ်၁၈၀ဝ၀၊အာမို (၁၅:၁၅:၁၅) ကျပ်၃၈၆၀ဝ၊ အာမို(၁၆:၁၆:၈)ကျပ် ၃၆၃၀ဝ၊ အာမို (၁၀:၁၀:၅)ကျပ် ၁၉၃၀ဝ၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ကျပ်၂၄၇၀ဝ၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)ကျပ် ၂၄၇၀ဝ၊ မြှားကမ္ဘာ(၁၅:၇:၈) ကျပ် ၂၁၅၀ဝ၊ တောင်သူမ ကျပ် ၁၈၀ဝ၀၊ တီစူပါကျပ် ၂၂၇၀ဝ၊ ဇာမနီကျပ်၁၉၀ဝ၀၊ တက်တိုး ကျပ်၂၂၀ဝ၀ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

တောင်ကြီးဈေးကွက်၌ အရောင်းအဝယ်အေးပြီးဈေးငြိမ်ကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ သည့် ဈေးမှာ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၄၆၀ဝ၊ တီစူပါ ၂၀%(တရုတ်) ကျပ် ၁၅၆၀ဝ၊ ပိုးသတ်ဆေးကျပ် ၂၂၀ဝ၊ တီစူပါ (၁၅)ပတ်လည် (တရုတ်)ကျပ် ၃၉၅၀ဝ၊ တီစူပါ ၁၀:၁၀:၅ (တရုတ်)ကျပ် ၁၈၀ဝ၀၊ ဓာတ်ဆား (တရုတ်) ကျပ် ၁၄၅၀ဝ၊ ပိုတက်(တရုတ်) ကျပ်၂၇၀ဝ၀၊ ယူရီးယား(ယူအေအီး) ကျပ် ၂၅၀ဝ၀၊ မြှားကမ္ဘာ ကျပ်၁၈၅၀ဝ၊ ရွက်ဖျန်းကျပ် ၃၀ဝ၀၊ ဆိုင်ကလုန်း ကျပ် ၃၀ဝ၀၊ ဆိုက်ပါကျပ် ၂၀ဝ၀ ဈေးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း ဈေးကွက်အတွင်း မှစုံစမ်းသိရှိရသည်။

သီတာဝင်း (DOT)