Main menu

Background

ဘိလပ်မြေဈေးကွက် အရောင်းအေး

Fri, 10/09/2020 - 13:19 -- journal_editor

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံး ကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၃၀ဝ၊ ကမ္ဘောဇကျပ် ၄၂၀ဝ၊ ကျားခေါင်းကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၃၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။

မန္တလေးဘိလပ်မြေဈေးကွက်၌ အရောင်းအေးကြောင်း သိရသည်။ ယခင်တစ်ပတ်က ခရောင်းဘိလပ်မြေဈေးကျခဲ့သော်လည်း ယခုတစ်ပတ်ဈေးငြိမ်နေကြောင်းသိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ အေသုံးလုံး ကျပ် ၄၀ဝ၀၊ အယ်လ်ဖာကျပ် ၃၉၀ဝ၊ ခရောင်း(၅၂၅) ကျပ် ၄၄၀ဝ၊ ခရောင်း(၄၂၅)ကျပ် ၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်ဘိလပ်မြေဈေးကွက်၌ အရောင်းအေးပြီးဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာဆင်မြန်မာ ကျပ် ၅၆၀ဝ၊ ကြံ့တစ်ကောင် (ပြာ)၅၀၂၅ကျပ်၊ ကြံ့နှစ်ကောင်(နီ) ၅၁၁၅ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မကွေးဘိလပ်မြေဈေးကွက်၌ ယခုတစ်ပတ်မှာလည်းအရောင်းအဝယ်အေး နေကြောင်းသိရ သည်။  စျေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ အပါချီ ကျပ်၄၅၀ဝ၊ ကြံ့ကျပ်၄၇၀ဝ၊ ကမ္ဘောဇကျပ် ၅၅၀ဝ၊ ဘလူးဒိုင်းမွန်းကျပ် ၅၂၀ဝ၊ အယ်လ်ဖာကျပ် ၄၃၀ဝနှင့် အရောင်း အဝယ်ဖြစ်ကြောင်း သိရှိရသည်။

သီတာဝင်း (DOT)