Main menu

Background

သီရိမင်္ဂလာဈေးသစ်ရှိ သစ်သီးဝလံဈေးနှုန်းများ

Fri, 10/09/2020 - 15:04 -- journal_editor

၃.၁၀.၂၀၂၀ ရက်နေ့မှ ၉.၁၀.၂၀၂၀ ရက်နေ့အထိ သီရိင်္ဂလာဈေးသစ်၊ သစ်သီးဝလံကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ မြင်းခြံနှင့်ဝမ်းတွင်းမှ ဖရဲ (၈၅၅) အသေးတစ်လုံး ကျပ် ၁၀ဝ၀၊ ဝမ်းတွင်းနှင့် မြင်းခြံမှဖရဲ (၂၁၁) အသေး တစ်လုံးကျပ် ၅၀ဝ၊ အလတ်ကျပ် ၈၀ဝ၊ အကြီး ကျပ် ၁၅၀ဝ၊ မှ ကျွဲကောသီး အလုံးသေးတစ်လုံး ကျပ် ၈၀ဝ နှင့် ၁၀ဝ၀ကြား၊ အလတ် ကျပ် ၁၂၀ဝနှင့် ၁၅၀ဝ ကြား ၊ အကြီးကျပ် ၁၈၀ဝနှင့် ၂၀ဝ၀ ကြားတို့ရှိပါသည်။ ပြည်နှင့် ပုပ္ပါးမှ သြဇာ သီး အလုံး (၃၀)ပါ တစ်သေတ္တာ လျှင်ကျပ် ၂၅၀ဝ ၊ အလုံး (၆၀)ပါ တစ်သေတ္တာ လျှင်ကျပ် ၇၀ဝ၀၊ အောင်ပန်း(အင်းငယ်) မှလိမ္မော် သီး အလုံးသေး (၂၅) ပိဿာပါတစ်သေတ္တာလျှင် ကျပ် ၃၀ဝ၀ဝ၊ အလတ်အရွယ် (၂၃) ပိဿာပါ သေတ္တာ မှာ ကျပ် ၃၆၀ဝ၀၊ အလုံးကြီး (၂၂)  ပိဿာပါ တစ်သေတ္တာလျှင် ကျပ်၄၂၀ဝ၀၊ တိုက်ကြီးမှ ပီလောပီနံ (ထောပတ်) အသေး တစ်ပိဿာ ကျပ် ၃၀ဝ၊ အလတ်တစ်ပိဿာ ကျပ် ၄၀ဝ၊ အကြီးကျပ် ၅၀ဝ၊ မှော်ဘီနှင့် တိုက်ကြီးမှ ကီလိုမာလကာ အသေးတစ်လုံးကျပ် ၁၀ဝ၊ အလတ် ကျပ် ၂၀ဝ၊ အကြီးမှာကျပ် ၃၅၀ ဈေးတို့အသီး သီးရှိကြောင်း သီရိင်္ဂလာဈေးသစ်ရှိ မြန်မာနိုင်ငံသစ်သီးဝလံ ပန်းမာန်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း MFVP မှ သတင်းရရှိပါသည်။

West DOCA(Ygn)