Main menu

Background

ဘုရင့်နောင်ကုန်စည်ဒိုင်တရုတ်အာလူးနှင့် အောင်ပန်းအာလူးအခြေအနေ

Fri, 10/09/2020 - 15:53 -- journal_editor

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်အာလူးနှင့် ရှမ်းပြည်နယ်အောင်ပန်းမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး အောက်တိုဘာ ၈ ရက်တွင်   တရုတ်အာလူး တစ်ပိဿာ ဈေးနှုန်းမှာ   ကျပ် ၁၄၀ဝ ဖြစ်ပြီး အောင်ပန်းမြို့မှ ဝင်ရောက်လာ သော အာလူးတစ်ပိဿာ ဈေးနှုန်းမှာ A-1 ကျပ် ၈၀ဝ၊  အာလူး OK ကျပ်  ၁၁၀ဝ၊အာလူး S-1 ကျပ် ၁၃၀ဝ၊အာလူး S-2 ကျပ်  ၁၃၅၀ ဈေးနှုန်းအသီးသီးဖြစ်သည်။

ရန်ကုန်မြို့ဒေသတွင်း လက်လီရောင်းချသူများနှင့်  အာလူးကြော်ရောင်းချသူလုပ်ငန်းရှင် များမှဝယ်ယူခဲ့ကြကြောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ အောက်တိုဘာ ၈ ရက် တရုတ် အာလူးဝင်ရောက်မှုတစ်နေ့လျှင်ပျှမ်းမျှ ကားအစီးရေ ရှစ်စီးခန့်နှင့် တစ်နေ့ပျှမ်းမျှ ပိဿာချိန် ၄၈၀ဝ၀ ခန့် ဝင်ရောက်ခဲ့ပြီးအောင်ပန်း အာလူးဝင်ရောက်မှုမှာ တစ်နေ့ပျှမ်းမျှ ကားစီးရေသုံး စီးနှင့် တစ်နေ့ပျှမ်းမျှပိဿာချိန် ၁၈၀ဝ၀ ဝန်းကျင်ခန့် ဝင်ရောက်ခဲ့ကြောင်း ကုန်စည်ဒိုင်ဈေး ကွက်မှ သိရသည်။

ရွှေဝါထွန်း(မြှင့်တင်ပြည်တွင်းရန်ကုန်)