Main menu

Background

မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်စည်ဈေးနှုန်း

Tue, 10/13/2020 - 13:43 -- journal_editor

၂၀၂၀ အောက်တိုဘာ ၁၂ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ ရော်ဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၀၀၊ ၁၀၈ ပေါင် (ဆန်သား၉၀%) ဆန်တစ်အိတ်ဈေးနှုန်းမှာ ဧည့်မထ ကျပ် ၂၉၀၀၀၊ ပေါ်ဆန်း ကျပ် ၄၀၅၀၀၊ ပေါ်ကျွဲ ကျပ် ၃၃၅၀၀၊ ပိဿာ ၂၀ ဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်း ကျပ် ၃၆၀၀၀၊ မတ်ပဲ ကျပ်၃၉၀၀၀၊ ပဲလွမ်းဖြူ ကျပ်၃၄၀၀၀၊ ဗိုလ်ကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၀၀၀၀၊ မြေပဲ ၆၁၀၀၀ ကျပ် ပေါက်ဈေးဖြစ်ပေါ်နေပြီး

သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက်ကားဈေး တစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင််လက်ကားဈေး တစ်လုံး ကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး  ကျပ် ၅၀ မှ ၁၅၀ပေါက်ဈေးနှင့် ရေထွက်ကုန်တစ်ပိဿာ(အလတ်စ)ဈေးနှုန်းများမှာ ငါးတန်ကျပ် ၂၃၀၀၊ ငါးမြစ်ချင်း ကျပ် ၃၃၀၀၊ ငါးဖားမ ကျပ် ၂၅၀၀၊ တီလားဗီးရား ကျပ် ၃၅၀၀၊ ငါးပုတ်သင် ကျပ် ၅၀၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၇၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၈၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုစွန်ပျော့ ကျပ် ၁၈၀၀၀ မှ ၂၀၀၀၀၊ ရေချိုပုစွန်တုပ်(စိမ်း) ကျပ် ၁၅၀၀၀ မှ ၂၅၀၀၀၊ ကဏန်း(ပန်း) ကျပ် ၇၀၀၀ မှ ၉၀၀၀ ကျပ် ပေါက်ဈေးဖြစ် ပေါ်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

  ဝင်းမြတ် (ရာမညကုန်သွယ်မှုဗဟိုဌာန)