Main menu

Background

ယခုတစ်ပတ်မြေသြဇာအဝင်လျော့

Wed, 10/14/2020 - 15:19 -- journal_editor

အောက်တိုဘာ ၄ မှ ၁၀ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅၈၅၁၃၅ တန်ဖိုးရှိမြေသြဇာ ၈၄၇၇ ဒသမ ၂၇ တန်ကိုပင်လယ်ရေကြောင်းလမ်း မှတင်သွင်းခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၃၁၁၁ ဒသမ ၉ တန်၊ အီဂျစ်နိုင်ငံ မှ တန်ချိန် ၄၂၀၊ ဂျာမနီ နိုင်ငံမှတန်ချိန် ၅၄၀၊ ကိုရီးယားနိုင်ငံမှ ၄၇၂ ဒသမ ၆၉ တန်၊ လာအိုနိုင်ငံ မှတန်ချိန် ၃၀ဝ၊ နော်ဝေနိုင်ငံမှ ၃၉၆ ဒသမ ၅၅ တန်၊ အိုမန်နိုင်ငံမှ ၁၀၃၂ တန်၊ ရုရှားနိုင်ငံမှ ၇၅၀ ဒသမ ၄၀ တန်၊ စင်ကာပူနိုင်ငံမှ ၇၂ တန်၊ ထိုင်းနိုင်ငံမှ ၂၈၅ ဒသမ ၇၃ တန် နှင့် ဗီယက်နမ်နိုင်ငံမှ ၁၀၉၆ တန်တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် တရုတ်နှင့်ဗီယက်နမ်နိုင်ငံမှ အများဆုံး တင်သွင်းခဲ့သည်။

တင်သွင်းခဲ့သည့်အမျိုးအစားများမှာ အမိုနီးယမ်းဆာလဖိတ်၊ ကွန်ပေါင်း (၁၅:၁၅:၁၅)၊ ဖလော်ရီယာ (၁၉:၁၉:၁၉)၊ ဖလော်ရီယာ(EAGrow up)(၁၅:၁၀:၃၅)၊  ကွန်ပေါင်း(၄၆%)၊ ယူရီးယား(၄၆%) (Grow up)၊ ပိုတက်၊ ကွန်ပေါင်း(၁၂:၈:၅) (သီးစုံ)၊ ကွန်ပေါင်း (အာမို) (၁၆:၁၆:၈)၊ ကွန်ပေါင်း(အာမို)(၁၅:၁၅:၁၅)နှင့် ကွန်ပေါင်း (နွားခေါင်း)တို့ဖြစ်သည်။ ယခင် သီတင်းပတ်က မြေသြဇာတန်ချိန် ၄၀၅၄၀ ကျော်တင်သွင်းမှုရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှု နှင့်နှိုင်းယှဉ် လျှင်တန်ချိန် ၃၂၀၆ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်မှ ၉ ရက်အထိ နယ်စပ်လမ်းမှမြေသြဇာအဝင်မှာ တန်ချိန် ၅၆၀ဝ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန် ၇၆၃၀ ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်တွင် တန်ချိန် ၂၀၃၀ ကျော်အဝင်လျော့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ပင်လယ်ရေ ကြောင်းရော နယ်စပ်လမ်းမှပါအဝင်လျော့ခဲ့သည်။

သီတာဝင်း (DOT)