Main menu

Background

ယခုတစ်ပတ်နို့ဆီအဝင်လျော့ပြီး နို့မှုန့်အဝင်ပို

Wed, 10/14/2020 - 15:20 -- journal_editor

အောက်တိုဘာ ၄ ရက်မှ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၂၂၄၀၅၅ ဒေါ်လာ တန်ဖိုးရှိနို့ဆီ ၂၂၃ ဒသမ ၂၃၆ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခု တစ်ပတ် မလေးရှားနိုင်ငံမှတင်သွင်းခဲ့ကြောင်းသိရသည်။

တင်သွင်းခဲ့သည့်တံဆိပ်များမှာ (ပက်ပ်)နှင့်(Hawk) တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီ တန်ချိန် ၃၆၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ် တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန် ချိန် ၁၃၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ၁၁၃၁၅၉၀ ဒေါ်လာတန်ဖိုးရှိ နို့မှုန့် ၃၇၂ ဒသမ ၈၀ တန်ကိုတင် သွင်းခဲ့ သည်။ ယခုတစ်ပတ် နယူးဇီလန်နိုင်ငံထုတ်နို့မှုန့်များ တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင် သီတင်းပတ်က နို့မှုန့်၁၇၅ ဒသမ ၆၀ တန် တင်သွင်း ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့် နှိုင်းယှဉ်လျှင် ၁၉၇ ဒသမ ၂၀ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့်ယခုတစ်ပတ် နို့ဆီအဝင်လျော့ခဲ့ပြီး နို့မှုန့်အဝင်ပိုခဲ့သည်။ 

သီတာဝင်း (DOT)