Main menu

Background

ယခုတစ်ပတ်နနွင်းပြန်လည်တင်ပို့

Wed, 10/14/2020 - 15:21 -- journal_editor

အောက်တိုဘာ ၄ ရက်မှ ၁၀ရက်သီတင်းပတ်အတွင်းနနွင်းတန်ချိန် ၅၀ ကို ပင်လယ် ရေကြောင်း လမ်းမှ အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့သည်။ သြဂုတ်လ တတိယပတ်မှစတင်ပြီး အပို့ ပျောက်ခဲ့သည့်နနွင်းက ယခုတစ်ပတ်မှ ပြန်လည်တင်ပို့ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင် လများတွင် နနွင်းတစ်တန်ဈေးမှာအမေရိကန်ဒေါ်လာ ၉၄၀ ကျော်ရရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၁၁၈၅ ဒေါ်လာထိရခဲ့ကြောင်းသိရသည်။ နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၉၂၅၀ ဒေါ်လာဝင်ငွေရရှိခဲ့သည်။

သီတာဝင်း (DOT)