Main menu

Background

ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၆၀ဝ၀ဝ ကျော်ဝင်

Wed, 10/14/2020 - 15:22 -- journal_editor

အောက်တိုဘာ ၄ ရက်မှ ၁၀ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၆၄၂၈၆၆၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၇၉၅၀ ဒသမ ၆၁ တန်နှင့် အမေရိကန်ဒေါ်လာ ၅၇၄၉၆၉၃ တန်ဖိုးရှိ ဒီဇယ် ၁၆၉၄၂ ဒသမ ၉၇ တန် စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၆၄၈၉၃ ဒသမ ၅၈ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီတင်သွင်းမှု မရှိခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က ဒီဇယ် ၄၈၂၉၀ ဒသမ ၈၆ တန်တင်သွင်းခဲ့ခြင်းကြောင့် ၃၁၃၄၇ ဒသမ ၈၉ တန်တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

သီတာဝင်း (DOT)