Main menu

Background

ပင်လယ်ရေကြောင်းမှဘိလပ်မြေအဝင်နည်း

Thu, 10/15/2020 - 11:50 -- journal_editor

အောက်တိုဘာ ၄ ရက်မှ ၁၀ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၃၇၆၁၅ တန်ဖိုးရှိ ဘိလပ်မြေ ၂၅၆ ဒသမ ၈၀ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် အာရပ်စော်ဘွားများပြည်ထောင်စုမှ ၅၅ ဒသမ ၆၀ တန်၊ ထိုင်းနိုင်ငံမှတန်ချိန် ၅၀နှင့်ထိုင်းနိုင်ငံမှ ၁၅၁ ဒသမ ၂၀ တန် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ထိုင်းနိုင်ငံမှ အများဆုံးတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၃၅၀ ကျော် တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၉၀ ကျော်တင်သွင်းမှု လျော့နည်းခဲ့သည်။

အောက်တိုဘာ ၃ ရက်မှ ၉ ရက်အထိ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၄၀ဝ၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန် ၁၂၀ဝ၀ ကျော်ရှိခဲ့ခြင်းကြောင့် ယခုတစ်ပတ်တွင် တန်ချိန် ၂၀ဝ၀ ကျော်တင်သွင်းမှုပိုခဲ့ကြောင်း သိရ သည်။ ထို့ကြောင့် ယခုတစ်ပတ်ပင်လယ် ရေကြောင်းမှအဝင်လျော့ပြီး နယ်စပ်လမ်းမှပါအဝင်ပိုခဲ့ကြောင်း သိရသည်။

သီတာဝင်း (DOT)