Main menu

Background

တင်ပို့မှုပိုပြီးဈေးကောင်းလာသောနှမ်း

Thu, 10/15/2020 - 13:00 -- journal_editor

ယခုအပတ် အောက်တိုဘာလ ၄ ရက်မှ ၁၀ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၃၈၂ ဒသမ ၉၁၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၅၃၆၉၉၁ ဖြစ်ကြောင်းသိရသည်။ တင်ပို့ခဲ့သောနိုင်ငံများမှာလေးနိုင်ငံရှိပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယား၊ စင်ကာပူ နှင့် ထိုင်ဝမ်နိုင်ငံတို့ဖြစ်သည်။

အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး တန်ချိန် ၁၄၇၊ တန်ဖိုး ၁၈၃၁၅၀၊ အနည်းဆုံးတင်ပို့ခဲ့သော နိုင်ငံမှာ ထိုင်ဝမ်နိုင်ငံဖြစ်ပြီး တန်ချိန် ၇၅ ဒသမ ၉၉၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၃၉၈၅ ဖြစ်ကြောင်းသိရသည်။

ယခင်အပတ် နှမ်းတင်ပို့မှုမှာ တန်ချိန် ၉၄ ဒသမ ၃၆၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂၈၂၄၇ ဖြစ်သောကြောင့် ယခု အပတ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၂၈၈ ဒသမ ၅၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၀၈၇၄၄ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်၊။

နှမ်းတစ်တန်ဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၁၃၅၉ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၁၄၀၂ ဖြစ်သောကြောင့် ဈေးနှုန်း အမေရိကန်ဒေါ်လာ ၄၃ ပိုမိုရရှိခဲ့ကြောင်းသိရသည်။

စန်းစန်းမော်(မြှင့်တင်၊ ပြည်တွင်း/ ရန်ကုန်)