Main menu

Background

မတ်ပဲဈေးကျပြီးပိုမိုတင်ပို့နိုင်

Thu, 10/15/2020 - 13:03 -- journal_editor

ယခုအပတ် အောက်တိုဘာလ ၄ ရက် မှ ၁၀ ရက်အထိ ပင်လယ်ရေကြောင်းမှ မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၂၀၇၇ ဒသမ ၅၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၁၅၅၉၈ ဒသမ ၅၂ ဖြစ်ကြောင်းသိရသည်။ တင်ပို့ခဲ့သောနိုင်ငံများမှာ ၁၁ နိုင်ငံရှိ ပြီး ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ အိန္ဒိယ၊ မလေးရှား၊ နီပေါ၊ ပါကစ္စတန်၊ ကာတာ၊ စင်ကာပူ၊ ထိုင်း၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်သည်။

အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်ကာပူနိုင်ငံဖြစ်ပြီး တန်ချိန် ၅၅၇၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၅၃၅၁၃၀၊ အနည်းဆုံးတင်ပို့ခဲ့သောနိုင်ငံမှာကနေဒါနိုင်ငံဖြစ်ပြီး တန်ချိန် ၁၀ ဒသမ ၅၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၁၈၅ ဖြစ်ကြောင်းသိရ သည်။ ယခင်အပတ်မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၉၅၄ ဒသမ ၂၄၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၈၆၄၁၄၃ ဒသမ ၆၈ ဖြစ်သောကြောင့် ယခုအပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၁၁၂၃ ဒသမ ၃၂၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၅၁၄၅၄ ဒသမ ၈၄ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မတ်ပဲတစ်တန်ပျမ်းမျှဈေးနှုန်းမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ ၉၀၅ ဖြစ်ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၈၇၄ ဖြစ်သောကြောင့် ဈေးနှုန်းအမေရိကန်ဒေါ်လာ ၃၁ ခန့် ကျဆင်းခဲ့ကြောင်းသိရသည်။

စန်းစန်းမော် ( မြှင့်တင်၊ပြည်တွင်း/ရန်ကုန် )