Main menu

Background

မော်လမြိုင်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

Thu, 10/15/2020 - 15:18 -- journal_editor

မော်လမြိုင်မြို့၏ အောက်တိုဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ၉၀၀၀၀၀ ကျပ်၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၃၆၅၀၀ ကျပ်၊ ဧည့်မထ (စပါး) တင်း ၁၀၀ လျှင် ၆၈၀၀၀၀ ကျပ်၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် ၂၈၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၂၂၀၀ ကျပ်၊ မြေပဲဆီ တစ်ပိဿာ ၉၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၃၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၂၅၀၀ ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ ၅၀၀၀ ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ ၅၀၀၀ ကျပ် ၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ ၅၀၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ၂၂၀၀ ကျပ်၊ မြေပဲဆန် တစ်ပိဿာ ၃၁၅၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ ၂၄၀၀ ကျပ်၊ မွေးမြူရေးကြက်သား တစ်ပိဿာ ၆၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာ ၂၅၀၀၀ ကျပ်၊ အမဲသားတစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၇၀၀၀ ကျပ်၊ ကြက်ဥ/ဘဲဥ တစ်လုံးလျှင် (၁၅၀/၂၂၀) ကျပ်၊ ​ရော်ဘာ RSS-3 တစ်ပေါင်လျှင်၇၃၀ ကျပ်၊ ရွှေ ၁၆ပဲရည် ၁၃၁၃၀၀၀ ကျပ်၊ ရွှေ ၁၅ပဲရည် ၁၂၂၃၀၀၀  ကျပ်၊ ရွှေ ၁၄ ပဲရည် ၁၁၀၀၀၀၀  ကျပ်၊ ဓာတ်ဆီ တစ်ဂါလံ ၂၉၄၇ ကျပ်၊ ဒီဇယ် တစ်ဂါလံ ၂၆၇၇ ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် မြေပဲဆီတစ်ပိဿာလျှင် ၁၀၀၀ ကျပ်ခန့်ဈေးနှုန်းမြင့်တက်ခဲ့ပါသည်။စပါးသစ်ထွက်ရှိမှုမရှိသေးမှီအချိန်နှင့် စပါးဟောင်း လက်ကျန်လျော့နည်းလာချိန်တွင် ဈေးနှုန်းအနည်းငယ် မြင့်တက်လေ့ရှိသည့်အတိုင်း ပေါ်ဆန်း စပါးတစ်တင်းလျှင် ၃၀၀ ကျပ်နှင့် ဧည့်မထစပါးတစ်တင်းလျှင် ၃၀၀ ကျပ်အသီးသီးဈေးနှုန်း အနည်းငယ်တက်လာကြောင်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်းတွေ့ရှိရပါသည်။

ငြိမ်းမြတ်ကျော် ( မွန် )