Main menu

Background

ပြည်စျေးကွက်အတွင်း ကြက်သွန်နီလက်ကျန်များပြားလျက်ရှိ

Thu, 10/15/2020 - 15:21 -- journal_editor

ပြည်ကြက်သွန်နီစျေးကွက်အတွင်း ယခုအောက်တိုဘာ ဒုတိယပတ်၌ ဆိပ်ဖြူ၊ ပခုက္ကူဘက်မှ ကြက်သွန်နီများ ပိဿာ ၃၀ ၀င်အိတ် ၃၀၀-၃၅၀ ခန့်ကို တစ်ရက်ခြား၀င်ရောက်မှုရှိနေပေမယ့် အရောင်း အ၀ယ်မှာ COVID – 19 ကူးစက် ရောဂါကြောင့် ၀င်ရောက်မှုရဲ့ ငါးပုံလျှင် တစ်ပုံခွဲခန့်သာ ရောင်း၀ယ်မှုရှိ နေသည့်အတွက် ပွဲရုံများတွင် ကြက်သွန်နီလက်ကျန်များပြားလျက်ရှိနေကြောင်းသိရပါသည်။ စျေးနှုန်းများအနေ နဲ့ပွဲရုံလက်ကားစျေးတစ်ပိဿာကို (ကြီး/လတ်/ သေး)ကျပ် ၁၁၀၀/ ၁၀၅၀-၁၀၀၀/၉၅၀-၈၅၀ နှုန်းတို့ရှိပြီး လက်လီ စျေးအသေးများတွင် (ကြီး/လတ်/သေး) ကျပ် ၁၄၀၀-၁၃၅၀/၁၃၀၀-၁၂၅၀/၁၂၀၀ စတဲ့နှုန်းများဖြင့် အသီးသီးရောင်း၀ယ်မှုရှိနေသည့်မှုရှိနေကြောင်း သိရပါသည်။  

၀င်းလဲ့ဝါ (ပြည်)