Main menu

Background

ပြည်ပဲစျေးကွက်မှာ ပဲအားလုံး၏ ပဲကျန်များစျေးကောင်းဆက်ရလျက်ရှိ

Thu, 10/15/2020 - 15:22 -- journal_editor

ပဲခူးတိုင်းဒေသကြီးပြည်ပဲစျေးကွက်အတွင်း ပဲမျိုးစုံစျေးနှုန်းများဖြင့် တက်လျက်ရှိနေခဲ့ပါတယ်။ ပဲတီစိမ်း နှင့်ပဲလွမ်းဖြူသီးနှံများစျေးအမြင့်ဖြင့် ပစ္စည်းပြတ်သွားခဲ့ပြီး ကျန်ပဲများက ရက်ခြားရောင်း၀ယ်နေသော ပဲများရှိသလို နေ့စဉ် အရောင်းအ၀ယ်ဖြစ်နေတဲ့ ပဲများလည်းရှိခဲ့ကြပါတယ်။ လက်လီ/ လက်ကားရောင်း၀ယ်နေခဲ့ကြကာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံများ လက်ကားရောင်း၀ယ်မှုဖြစ်ပြီး လက်ကျန်ပဲများကတော့ လက်လီသာရောင်း၀ယ်နေခဲ့ ကြောင်းသိရပါတယ်။

မတ်ပဲ

       မတ်ပဲသီးနှံမှာ အောက်တိုဘာလဆန်းရက်မှစ၍ စျေးတရိပ်ရိပ်မြင့်တက်လာပြီး တစ်တင်းကျပ် ၄သောင်းအထိရလျှက်ရှိကာ မျိုးပဲစျေးကတော့ တစ်တင်း ၄၂၀၀၀ ကျပ်ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့တယ် လို့သိရပါတယ်။ ပဲစျေးနှုန်း ယခု အောက်တိုဘာလအတွင်း လေးသောင်းကျပ်ရရှိလာလို့ တစ်ချို့လှောင်ပဲ သမားများ ထုတ်ရောင်းချမှုများရှိလာခဲ့ပါတယ်။ ပြည်ပဲစျေးကွက်မှာတော့ ရန်ကုန်၀ယ်လက်အဓိကထား ၀ယ်ယူပေမယ့် နေ့စဉ်အ၀ယ်မရှိဘဲ ရက်ခြား ၀ယ်ယူမှုသာရှိခဲ့ပါတယ်။ ဒါ့ကြောင့်အရောင်းအ၀ယ်ဖြစ်သည့်ရက်၌ အိတ် ၂၀၀/၃၀၀ကျော်ရောင်း၀ယ်ခဲ့ကြောင်းသိရပါတယ်။ မျိုးပဲကိုတော့ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ဥသျှစ်ပင် ဒေသများမှ ၀ယ်ယူနေခဲ့ကြပါတယ်။

ပဲတီစိမ်း/ပဲလွမ်းဖြူ

            ပဲတီစိမ်းနှင့် ပဲလွမ်းဖြူသီးနှံမှာ ပဲစျေးကွက်အတွင်း ယခုနှစ်စျေးအမြင့်ရခဲ့ကာ လက်ကျန်မရှိတော့ သည့်အတွက် ယခုကာလမှစ၍ အရောင်းအ၀ယ် မဖြစ်တော့ဘူးလို့သိရပါတယ်။ ပဲတီစိမ်းသီးနှံမှာ တစ်တင်း ၃၆၀၀၀ ကျပ် ဖြင့် မိုးသီးနှံများ လက်ကျန်ပြတ်သွားခဲ့ပြီး နို၀င်ဘာလအတွင်းမှာတော့ ဆောင်းပဲသစ်များ ၀င်ရောက်လာနိုင်တယ်လို့သိရပါတယ်။ ပဲလွမ်းဖြူသီးနှံစျေးမှာ တစ်တင်း ၅၀၀၀၀ ကျပ်ထိ ရရှိခဲ့ပြီး လက်ကျန် ပဲအချို့ လက်လီရောင်း၀ယ် နေခဲ့ရာမှ ယခုတစ်ပတ်မှာတော့ အရောင်းအ၀ယ်မဖြစ်ခဲ့တော့ဘဲ တစ်တင်း ၅၀၀၀၀ ကျပ်ဖြင့် လက်ကျန်ပြတ်သွားပြီလို့သိရပါတယ်။

ပဲစင်းငုံ

            ပဲစင်းငုံသီးနှံမှာလည်း ယခုလမှာ စျေးမြင့်တက်လာလို့ တစ်တင်း ၃၀၀၀၀ ကျပ်ဖြင့် ရောင်း၀ယ်နေခဲ့ကာ ရန်ကုန်၀ယ်လက် ရက်ခြား၀ယ်ယူမှုရှိခဲ့ပါတယ်။ အရောင်းအ၀ယ်ဖြစ်သည့်အခါ အိတ် ၁၀၀/၂၀၀ ကျော်ထိ ရောင်း၀ယ် ခဲ့ပြီး ပဲဟောင်းလက်ကျန်ရှိတဲ့အတွက် အ၀ယ်ရှိသလောက် အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။ ပဲစင်ငုံ သစ်များကတော့ နှစ်ဆန်းပိုင်းမှသာ ပဲစျေးကွက်သို့၀င်ရောက်လာနိုင်ကြောင်းသိရပါတယ်။

ကုလားပဲ/ပဲကြီး

            ကုလားပဲနှင့် ပဲကြီးသီးနှံများမှာ စျေးကွက်အတွင်း နေ့စဉ် အရောင်းအ၀ယ်ဖြစ်လျှက်ရှိပြီး ကုလားပဲ သီးနှံအား ခွဲစက်သမား၀ယ်ယူ၀ယ်ယူသလိုပဲကြီးသီးနှံအား ပဲကြော်ဖိုလုပ်ငန်းသမားများ ၀ယ်ယူနေခဲ့ကြပါ တယ်။ ဒါ့ကြောင့် တစ်ရက်အိတ် ၂၀၀/၃၀၀ကျော် ရောင်း၀ယ်မှုဖြစ်ခဲ့ပြီး စျေးနှုန်းများမှာ ကုလားပဲ (ဟော်လန်) တစ်တင်း ၃၁၀၀၀ ကျပ်၊ (မြကြေးမှုံ) တစ်တင်း ၃၁၅၀၀ ကျပ်၊ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၄၀၀၀ ကျပ်၊ ပဲကြီး(ကမ်းနား) တစ်တင်း ၃၀၀၀၀ ကျပ်တို့ဖြင့် အသီးသီးရောင်း၀ယ်လျက်ရှိကြောင်းသိရတယ်။

ခင်ဆွေ၀င်း (ပြည်)