Main menu

Background

နနွင်းစျေးအနည်းငယ်မြင့်တက်ခဲ့

Thu, 11/05/2020 - 15:12 -- journal_editor

အောက်တိုဘာ ၂၅ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်းနနွင်း ၇၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့သည်။ တင်ပို့ခဲ့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ ယခင်သီတင်းပတ်က နနွင်း၁၁၈ ဒသမ ၅တန်တင်ပို့ခဲ့ခြင်း ကြောင့် ယခုတစ်ပတ် တင်ပို့မှု နှင့်နှိုင်းယှဉ်လျှင် ၄၃ ဒသမ ၅ တန်တင်ပို့မှုလျော့နည်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် နနွင်း တစ်တန်အမေရိကန်ဒေါ်လာ၁၁၈၅ ဒေါ်လာရရှိခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ် နနွင်း တစ်တန် အမေရိကန်ဒေါ်လာ ၁၁၇၀ ဒေါ်လာရရှိခဲ့သောကြောင့် ယခုတစ်ပတ် နနွင်းစျေး အနည်းငယ်မြင့်တက်ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန် ဒေါ်လာ  ၈၈၈၇၅ ဒေါ်လာ၀င်ငွေရရှိခဲ့သည်။

 သီတာဝင်း(DOT)