Main menu

Background

ယခုတစ်ပတ်ချင်းတင်ပို့မှုလျော့

Thu, 11/05/2020 - 15:13 -- journal_editor

အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်းချင်း ၁၇ ဒသမ ၅ တန်ကို ပင်လယ် ရေကြောင်းလမ်းမှ ယီမင်နိုင်ငံသို့တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က ချင်း ၂၂ တန် တင်ပို့နိုင် ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ၄ဒသမ ၅ တန်တင်ပို့မှုလျော့နည်းခဲ့ကြောင်း သိရသည်။ ချင်းတစ်တန် အမေရိကန်ဒေါ်လာ ၅၀၀ ရရှိခဲ့သည်။ ယခုတစ်ပတ်ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၈၇၅၀ ဒေါ်လာ ၀င်ငွေရရှိခဲ့သည်။

သီတာဝင်း(DOT)