Main menu

Background

မြေသြဇာတန်ချိန် ၂၀၀၀၀ နီးပါးတင်သွင်း

Thu, 11/05/2020 - 15:15 -- journal_editor

အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၁၃၂၁၈၀ တန်ဖိုးရှိ မြေသြဇာ ၁၉၂၂၈ ဒသမ ၀၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ ၁၄၅၆၉ ဒသမ ၈၀ တန် ၊ အီဂျစ်နိုင်ငံမှ တန်ချိန် ၄၂၀၊ ဂျာမနီနိုင်ငံမှ ၃၉၂ တန်၊ ကိုရီးယားနိုင်ငံမှ ၂၅၉၅ ဒသမ ၀၅ တန်၊ လာအိုနိုင်ငံမှ တန်ချိန် ၅၀၀၊ မလေးရှားနိုင်ငံမှ ၁၀ တန်၊ နော်ဝေနိုင်ငံမှ ၆၉၃ ဒသမ ၂၂ တန်နှင့် ထိုင်းနိုင်ငံမှ ၄၈ တန်တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ကြောင်းသိရသည်။

တင်သွင်းခဲ့သည့် အမျိုးအစားများမှာ အမိုးနီးယားဆာလဖိတ်၊ ယူရီးယား(စုစံ)၊ အမိုင်နိုအက်ဆစ်၊ ပိုတက်၊ ကွန်ပေါင်း(၁၆:၁၆:၈)၊ ကွန်ပေါင်း(၁၅:၁၅:၁၅) နှင့်  ကွန်ပေါင်း (၂၀:၈:၂၀)တို့ဖြစ်သည်။ ယခင်သီတင်းပတ်က မြေသြဇာ ၂၄၇၈၂ ဒသမ ၉၃ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၅၅၅၄ ဒသမ ၈၆ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

သီတာဝင်း(DOT)