Main menu

Background

နို့ဆီ အ၀င်ပိုပြီး နို့မှုန့် အ၀င်လျော့

Thu, 11/05/2020 - 15:15 -- journal_editor

အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၅၄၈၉၇ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၄၀၂ ဒသမ ၇၇၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ ၁၄၀ ဒသမ ၁၁၉ တန်နှင့် စင်ကာပူနိုင်ငံမှ ၂၆၂ ဒသမ ၆၅၆ တန် တင်သွင်းခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ အများဆုံးတင်သွင်းခဲ့သည်။

တင်သွင်းခဲ့သည့် တံဆိပ်များမှာ တီးပေါ့(ပ်)၊ အယ်လ်ပိုင်း၊ ကောင်းဘဲလ်နှင့် အိုကေ တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီ ၂၁၈ ဒသမ ၈၈ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၈၃ ဒသမ ၈၉၅ တန်ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

အမေရိကန်ဒေါ်လာ ၈၆၅၂၀ ဒေါ်လာတန်ဖိုးရှိ နို့မှုန့် ၂၅ ဒသမ ၂၀တန်ကို နယူးဇီလန် နိုင်ငံမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့မှုန့် ၅၀၄ ဒသမ ၄၀ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၄၇၀ ကျော် တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ယခုတစ်ပတ် နို့ဆီအ၀င်ပိုပြီးနို့မှုန့် အ၀င်လျော့ခဲ့သည်။

သီတာဝင်း(DOT)