Main menu

Background

ယခုတစ်ပတ်ဒီဇယ်၊ ဓာတ်ဆီအ၀င်လျော့

Thu, 11/05/2020 - 15:16 -- journal_editor

အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၄၅၆၆၃၆ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၇၁၄၃ ဒသမ ၉၃ တန်နှင့် အမေရိကန်ဒေါ်လာ ၆၈၉၆၄၂၁ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၁၂၉၄၄ ဒသမ ၄၇ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၂၀၀၈၈ ဒသမ၄၀ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီ ၁၄၅၀၅ ဒသမ ၀၄၈ တန်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ဓာတ်ဆီ ၁၅၆၀ ဒသမ ၅၇၈ တန်၊ ယခင်သီတင်းပတ်က ဒီဇယ် ၈၆၆၈၃ ဒသမ ၂၂ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၇၉၅၀၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့်ယခုတစ်ပတ် ဒီဇယ်နှင့်ဓာတ်ဆီ တင်သွင်းမှုလျော့နည်းခဲ့သည်။

သီတာဝင်း(DOT)