Main menu

Background

အောင်လံကုန်စည်ဒိုင်တွင် ပဲစင်းငုံစျေးအနည်းငယ်ကျ

Thu, 11/05/2020 - 15:20 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျှက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် ၄.၁၁.၂၀၂၀ ရက်တွင် ပဲစင်းငုံထိပ်စ ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၂၉၅ဝဝ ပဲစင်းငုံအောက်စ ၂၀ပိဿာတစ် တင်းလျှင် ကျပ် ၂၈၅ဝဝ ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

ယခင်အပတ်တွင် ၂၈.၁၀.၂၀၂၀ ရက်တွင် ပဲစင်းငုံထိပ်စ ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၃၀၀ဝဝ ပဲစင်းငုံအောက်စ ၂၀ပိဿာတစ်တင်းလျှင်ကျပ် ၂၉၀ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံထိပ်စ ၂၀ပိဿာတစ်တင်း လျှင် ကျပ် ၅ဝဝနှင့် ပဲစင်းငုံအောက်စ ၂၀ပိဿာတစ်တင်းလျှင်ကျပ် ၅ဝဝ စီဖြင့် ဈေးကျလျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

လှမိုးခိုင်(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)