Main menu

Background

ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ

Thu, 11/05/2020 - 15:31 -- journal_editor

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၄ ရက်မှ ၃၀ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ သကြား၊ စေ့ထုတ်ပြောင်း၊ ​ရော်ဘာနှင့် လောင်စာတောင့်မီးသွေးများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၂၆၄၀၃၃၉ ကန်ဒေါ် လာ ဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ကုန်၏ ငွေပမာဏမှာ ၉၄၇၉၆၄၆ ဒဿမ ၉၁၆ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၁၂၁၁၉၉၈၅ ဒဿမ ၉၁၆ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ ဓါတ်မြေသြဇာ၊ လေးဘီးလယ်ထွန်စက်၊ သုံးဘီးဆိုင်ကယ်၊ ပီနန်အိတ်၊ ပိုးသတ် ဆေး၊ စက်ဘီးနှင့် ချည်ထည် တို့ဖြစ်ပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ တင်သွင်း ကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ  ၇၀၆၈၅၂ ဖြစ်ပြီး၊ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန် တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၃၀၉၂၉၁ ဒဿမ ၈၂၂ ဖြစ်၍ တင်သွင်းကုန်၏စုစုပေါင်း ငွေပမာဏ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၀၁၆၁၄၃ ဒဿမ ၈၂၂ တင်သွင်းမှုရှိခဲ့ပါသည်။

အောက်တိုဘာလ ၃၀ ရက်အထိ တစ်ဖက်နိုင်ငံတရုတ်ပြည်တွင် ဆန်မာတစ်အိတ်လျှင် ၁၀၈ ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် ၁၂၆ ယွမ်ဈေးနှင့် စေ့ထုတ်ပြောင်းတစ်အိတ်လျှင် ၇၆ ယွမ်ဈေးပေါက်လျက်ရှိပြီး မြန်မာကျပ်ငွေနှင့် တရုတ် ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀ဝ လျှင် တရုတ်ယွမ် သုည ဒဿမ ၅၂၁ ယွမ် ဖြစ်ပြီး တစ်ယွမ်လျှင် မြန်မာကျပ်ငွေ ၁၉၁ ကျပ်ရှိကြောင်းသိရှိရပါသည်။

  ဌေးလှိုင်၊ မနောမြေကုန်သွယ်မှုဗဟိုဌာန