Main menu

Background

မုံရွာကြက်သွန်နီ အရောင်းအဝယ်အေး

Thu, 11/05/2020 - 15:58 -- journal_editor

မုံရွာမြို့(ပွဲရုံ) ရှိ စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ယခုတစ်ပတ်ကြက်သွန်နီသီးနှံများ အရောင်းအဝယ်အေးနေကြောင်း သိရသည်။ ကြက်သွန်နီများ အရောင်းအဝယ်အေးနေရခြင်းမှာ COVID-19  ကျန်းမာရေးကြောင့် တန်ဆာခစျေး ကြီးနေသဖြင့် အေးနေကြောင်း သိရပါသည်။ မုံရွာ ပွဲရုံသို့ နေ့စဉ်ကြက်သွန်နီဝင်ရောက်မှုမှာ ပိဿာချိန် ၁၅၀၀၀ ခန့်ဝင်ရောက်နေပြီး မန္တလေး၊ ကလေး၊ ဟုမ္မလင်းနှင့် ခန္တီးမြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရပါသည်။

ယခုတစ်ပတ် ကြက်သွန်နီလက်ကားတစ်ပိဿာ ပေါက်စျေးမှာ (ကြီး) ကျပ် ၉၀၀၀၊ (လတ်) ကျပ် ၈၀၀၊ (သေး) ကျပ် ၇၀၀ နှုန်းပေါက်လျက်ရှိပြီး ကြက်သွန်နီ လက်လီတစ်ပိဿာစျေးမှာ (ကြီးရှယ်) ကျပ် ၁၂၀၀၊ (လတ်) ကျပ် ၁၀၀၀၊ (သေး) ကျပ် ၉၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ ပါသည်။ ကြက်သွန်ဖြူလက်ကား တစ်ပိဿာစျေးမှာ (ဗမာသန့်) ကျပ် ၃၀၀၀-၃၃၀၀ ၊ (ရှမ်း) ကျပ် ၁၉၀၀-၂၁၀၀၊ (ကြူကုတ်) ကျပ် ၂၁၀၀-၂၃၀၀ နှုန်းရှိပြီး လက်လီ တစ် ပိဿာစျေးမှာ  (ဗမာသန့်) ကျပ် ၃၅၀၀-၄၀၀၀၊ (ရှမ်း) ကျပ် ၂၃၀၀-၂၇၀၀၊ (ကြူကုတ်) ကျပ် ၂၅၀၀-၂၈၀၀ နှုန်းနှင့် အရောင်း အဝယ်အေးနေကြောင်း သိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန