Main menu

Background

မော်လမြိုင်မြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

Fri, 11/06/2020 - 10:59 -- journal_editor

မော်လမြိုင်မြို့၏ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလပထမပတ်တွင် ဖြစ်ပေါ်နေသောအခြေခံ စားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း စပါး(အဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၉၀၀၀၀၀၊ ပေါ်ဆန်း(ဆန်အဟောင်း)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၆၅၀၀၊ ဧည့်မထ(စပါးအဟောင်း) တင်း၁၀၀ လျှင် ကျပ် ၆၈၀၀၀၀၊ ဧည့်မထ (ဆန်)(အဟောင်း) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၂၆၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၂၂၀၀၊ မြေပဲဆီ တစ်ပိဿာ ကျပ် ၉၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၁၀၀၀၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ ကျပ်  ၃၅၀၀၊ ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာ ၃၀၀၀၊ မန်ကျည်းမှည့် တစ်ပိဿာ ကျပ် ၅၀၀၀၊ ငရုတ်ခြောက် တစ်ပိဿာ ကျပ် ၅၀၀၀၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ ကျပ် ၅၀၀၀၊ ကုလား ပဲခြမ်း တစ်ပိဿာ ကျပ် ၂၂၀၀၊ မြေပဲဆန်တစ်ပိဿာ ကျပ် ၃၁၅၀၊ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် ၁၀၀၀၊ မွေးမြူရေးကြက်သား တစ်ပိဿာ ကျပ် ၆၀၀၀၊ဝက်သားတစ်ပိဿာ ကျပ် ၁၀၀၀၀၊ ဆိတ်သား တစ်ပိဿာ ကျပ် ၂၅၀၀၀၊ အမဲသား တစ်ပိဿာ ကျပ် ၁၂၀၀၀၊ ငါးကြင်း တစ်ပိဿာ ကျပ် ၁၀၀၀၀၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၇၅၀၀၊ ကြက်ဥ/ဘဲဥ တစ်လုံးလျှင် ကျပ် ၁၅၀/၂၂၀၊ ရော်ဘာ RSS-3 တစ်ပေါင်လျှင် ကျပ် ၇၆၀၊ ရွှေ ၁၆ ပဲရည် ကျပ် ၁၃၀၀၀၀၀၊ ရွှေ ၁၅ ပဲရည် ကျပ် ၁၁၉၅၀၀၀၊ ရွှေ ၁၄ ပဲရည် ၁၀၉၅၀၀၀၊ ဓာတ်ဆီ တစ်ဂါလန် ၂၉၀၂ ကျပ်၊ ဒီဇယ် တစ်ဂါလံ ၂၅၈၇ ကျပ် ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

အောက်တိုဘာလ စတုတ္ထပတ်မှစတင်၍ မွန်ပြည်နယ်အတွင်း ကောက်စောစပါးစတင် ထွက်ရှိလာပြီဖြစ်သဖြင့် ပေါ်ဆန်းစပါး(အသစ်)တင်း ၁၀၀ လျှင် ကျပ် ၆၄၄၀၀၀၊ ပေါ်ဆန်း (ဆန်အသစ်)၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၁၅၀၀၊ ဧည့်မထ(စပါးအသစ်)တင်း၁၀၀ ကျပ် ၅၂၄၄၀၀၊ ဧည့်မထဆန်(အသစ်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၂၂၀၀၀ ဖြစ်ပေါ်နေပါသည်။

ယခုအပတ်ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် စပါးသစ်ထွက်ရှိလာခြင်း ကြောင့်ဧည့်မထ(ဆန်ဟောင်း)ဈေးနှုန်းမှာ (၂၄)ပြည်ပါတစ်အိတ်လျှင် ကျပ် ၂၀၀၀ နှင့်  ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၂၀၀ ဈေးနှုန်းကျဆင်းကာ စက်သုံးဆီဈေးနှုန်းများမှာ တည်ငြိမ်နေကြောင်းတွေ့ရှိရပါသည်။

ငြိမ်းမြတ်ကျော် ( မွန် )