Main menu

Background

ပြည်စျေးကွက်သို့ ကြက်သွန်ဖြူ၀င်ရောက်မှုနည်း

Wed, 11/11/2020 - 12:44 -- journal_editor

ယခုအပတ် ပြည်စျေးကွက်သို့ ကြက်သွန်နီ၀င်ရောက်မှုနည်းနေကြောင်း သိရပါသည်။ ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာမကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင် ကြက်သွန်နီရာသီကုန်ခါနီးချိန်မို့ ပစ္စည်းလက်ကျန် နည်းနေသဖြင့် ပြည်စျေးကွက်သို့ ပိဿာ ၃၀ ၀င်အိတ် ၁၀၀ ပတ်လည်ခန့်ကို တစ်ရက်ခြား ၀င်ရောက်မှုရှိနေကြောင်းသိရပါသည်။ အရောင်းအ၀ယ်အနေဖြင့် ယခင်လက်ကျန်များဖြင့်သာ အရောင်းအ၀ယ်ရှိနေပြီး စျေးနှုန်းမှာ ပုံမှန်အတိုင်းရှိနေကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေးတစ်ပိဿာလျှင် (ကြီး/ လတ်/သေး)ကျပ် ၁၁၀၀/၁၀၀၀-၉၅၀/၉၀၀-၈၅၀ နှုန်းတို့ရှိပြီး လက်လီစျေးအသေးများတွင်ကျပ် ၁၃၀၀/ ၁၂၀၀/၁၁၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်း၀ယ်လျက်ရှိနေကြောင်း သိရပါသည်။

၀င်းလဲ့ဝါ (ပြည်)