Main menu

Background

ယခင်တစ်ပတ်ထက် မြေသြဇာတန်ချိန် ၁၀၀၀၀ ကျော်ပိုမိုတင်သွင်း

Wed, 11/11/2020 - 14:54 -- journal_editor

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၀၀၈၂၃၄ တန်ဖိုးရှိ မြေသြဇာ ၃၁၃၁၆ ဒသမ ၈၉၂ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်း ခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ ၇၅၈၇ ဒသမ ၅၆ တန်၊ ပြင်သစ်နိုင်ငံမှ ၁၄၀ ဒသမ ၈၇၇ တန်၊ ဂျာမနီနိုင်ငံမှ ၁၂၅၉ ဒသမ ၈၈၅ တန်၊ အီရန်နိုင်ငံမှ ၁၀၇၅ တန်၊ ကိုရီးယားနိုင်ငံမှ ၁၀၇၄ ဒသမ ၉၉၉ တန်၊ မလေးရှားနိုင်ငံမှ ၁၄၃၅၃ ဒသမ ၉၈၊ ကာတာနိုင်ငံမှ တန်ချိန် ၂၅၀၀၊ ရုရှားနိုင်ငံမှ ၁၅၁၂ တန်၊ ထိုင်းနိုင်ငံမှ ၃၃၇ ဒသမ ၅၉ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ၁၀၇၅ တန်၊ ဗီယက်နမ်နိုင်ငံမှတန်ချိန် ၄၀၀ တင်သွင်းခဲ့ကြောင်းသိရသည်။

          တင်သွင်းခဲ့သည့် အမျိုးအစားများမှာ အမိုးနီးယမ်းဆာလဖိတ်၊ ကွန်ပေါင်း၊ ကောမတ်(G-21)၊ အော်ဂဲနစ်(ရွှေမင်းသား)၊ ဖလော်ရီရာ၊ ပိုတက်၊ ယူရီးယား(Grow Up)၊ ပိုတက်ဆီယမ်၊ ကွန်ပေါင်း(၁၅:၁၅:၁၅)၊     ကောမတ်(စူပါ)၊ ယူရီးယား(Glod Flower)၊  ကွန်ပေါင်း(၁၅:၁၅:၁၅)(Sea Horse)၊ ကွန်ပေါင်း(၁၆:၁၆:၈)၊ ကွန်ပေါင်း(၁၆:၁၆:၁၆)၊ ​ကွန်ပေါင်း(၁၉:၁၉:၁၉)နှင့် ယူရီးယား(​ရွှေကြာပန်း)တို့ဖြစ်သည်။ ယခင်သီတင်းပတ် မြေသြဇာတန်ချိန် ၁၉၂၂၈ ဒသမ ၀၇ တန်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှု နှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၁၂၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။

သီတာဝင်း(DOT)