Main menu

Background

ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၁၂၀၀၀၀ ကျော်တင်သွင်း

Wed, 11/11/2020 - 15:00 -- journal_editor

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်းအမေရိကန်ဒေါ်လာ ၂၇၅၆၆၈၀၀ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၈၂၃၆၇ ဒသမ ၅၃ တန်နှင့် အမေရိကန်ဒေါ်လာ ၁၄၄၄၆၇၁၀ ဒေါ်လာ တန်ဖိုးရှိ ဓာတ်ဆီ ၄၃၁၆၀ ဒသမ ၃၀ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၂၅၅၂၇ ဒသမ ၈၃ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ် ဒီဇယ် ၇၁၄၃ ဒသမ ၉၃ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၇၅၂၂၃ ဒသမ ၆ တန်၊ ယခင်သီတင်းပတ်က ဓာတ်ဆီ ၁၂၉၄၄ ဒသမ ၄၇ တန် တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၃၀၂၁၅ ဒသမ ၈၃ တန် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုတစ်ပတ် ဒီဇယ်ရောဓာတ်ဆီပါ အ၀င်ပိုခဲ့ သည်။

သီတာဝင်း(DOT)