Main menu

Background

အောင်လံကုန်စည်ဒိုင်တွင် မြေပဲလုံးဆန်ဖြူစျေးမြင့်တက်

Thu, 11/12/2020 - 15:14 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲလုံးဆန်ဖြူများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့်စျေးများ အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် (၁၁.၁၁.၂၀၂၀) ရက်တွင် မြေပဲလုံးဆန်ဖြူထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၇၅၀၀၊ မြေပဲလုံးဆန်ဖြူ အောက်စတစ်ပိဿာလျှင် ကျပ် ၂၇၂၅၀ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခင်အပတ်တွင် (၄.၁၁.၂၀၂၀)ရက်တွင် မြေပဲလုံးဆန်ဖြူထိပ်စ တစ်ပိဿာလျှင် ကျပ် ၂၆၂၅၀၊ မြေပဲလုံးဆန်ဖြူအောက်စ တစ်ပိဿာလျှင် ကျပ် ၂၅၇၅၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက မြေပဲလုံး ဆန်ဖြူထိပ်စ တစ်ပိဿာလျှင် ကျပ် ၁၂၅၀၊ မြေပဲလုံးဆန်ဖြူအောက်စ တစ်ပိဿာလျှင် ကျပ် ၁၅၀၀ စီဈေးဖြင့် အနည်းငယ်စျေးမြင့်တက်လျက် ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

   လှမိုးခိုင်(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)