Main menu

Background

ပြည်စျေးကွက်တွင် အရောင်းအ၀ယ်ပုံမှန်ဖြစ်ပေမယ့် နှမ်းနက်နှင့် စမုံနက်နှမ်းစျေး အနည်းငယ်ပြန်ကျလာ

Wed, 11/18/2020 - 14:56 -- journal_editor

ပြည်စျေးကွက်တွင် ယခုတစ်ပတ်၌ နှမ်းအ၀င်မှာပါးသွားပြီး ၀ယ်လက်အ၀ယ်လိုက်လာတဲ့အတွက် နှမ်းစျေးမြင့်လာတာတွေ့ရပါတယ်။ မန္တလေး၀ယ်လက်များက စမုံနက်နှမ်းနှင့် နှမ်းနက်ကို အ၀ယ်ရှိလို့ အရောင်းအ၀ယ်ဖြစ်သလို နှမ်းနီကိုမြို့တွင်းဆီစက်သမားများက ဆီကြိတ်ရန်အ၀ယ်ရှိပြီး မလုံလောက်လျှင် အောင်လံမြို့ ကိုတက်ပြီး အ၀ယ်ရှိလို့ စျေးမှာယခင်အပတ်ထက်စာရင် မြင့်လာတာတွေ့ရပါတယ်။ ပြည်စျေးကွက်တွင် ယခုအပတ်ဖြစ်ပေါ်နေသောနှမ်းစျေးများမှာနှမ်းနီ (၃)တင်း၀င် တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ် ၊ နှမ်းနက် (၃)တင်း၀င်တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ် နှင့် စမုံနက်နှမ်း (၃)တင်း၀င် တစ်အိတ်လျှင် ၁၉၀၀၀၀ကျပ်ဖြင့် ယခင်အပတ်ထက် စာရင်စျေးပြန်မြင့်လာတာတွေ့ရပါတယ်။

ဝေဝေမင်း(ပြည်)