Main menu

Background

ပြည်မြေပဲဆန်စျေး၀ယ်လက်များကြောင့်စျေးပြန်မြင့်လာ

Wed, 11/18/2020 - 14:57 -- journal_editor

ယခုအပတ် ပြည်စျေးကွက်တွင် မြေပဲဆန်စျေးပြန်မြင့်လာတာတွေ့ရပါတယ်။ ရန်ကုန်၊ မန္တလေး၀ယ်လက်များက အ၀ယ်လိုက်လာတဲ့အတွက် စျေးမြင့်လာတယ်လို့လည်းသိရပါတယ်။ မိုးပဲဆန်များကိုလည်း ယခင်၀င်ရောက်လျက်ရှိတဲ့ ဒေသများဖြစ်သောပြည်-အောင်လံကြား​ကျေးရွာများနှင့် ရွှေတောင်၊ မြန်အောင်၊ ကြံခင်းဘက်မှ တစ်ပတ်လျှင် မြေပဲဆန်အိတ် (၂၅)ပိဿာ၀င် (၁၅၀၀-၂၀၀၀)ခန့် ၀င်ရောက်လျက်ရှိပြီးဆီဆန် (ရွေးဆန်)ကိုဆီစက်သမားများကနေ့စဉ် အိတ် (၅၀၀)ခန့် အ၀ယ်ရှိပြီး လုံးဆန် (အဖြူ)ကို ရန်ကုန်၊ မန္တလေး ၀ယ်လက်များက တစ်နေ့လျှင်အိတ် (၄၀၀)ခန့် အ၀ယ်ရသလိုလုံးဆန် (အနီ)ကိုပဲလှော်ဖိုသမားများက အ၀ယ်ရှိလို့ ၀င်သလောက် အရောင်းအ၀ယ်ဖြစ်တာလည်း တွေ့ရပါတယ်။ ယခုအပတ် မြေပဲဆန်စျေးများမှာဆီဆန် (အဖြူ) တစ်ပိဿာလျှင် ၂၃၀၀ ကျပ်၊ (အနီ) တစ်ပိဿာလျှင် ၂၄၀၀ ကျပ်နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် ၂၇၅၀ ကျပ် နှင့် လုံးဆန် (အနီ)တစ်ပိဿာလျှင် ၂၈၅၀ ကျပ်ဖြင့် ယခင်အပတ်ကထက် စျေးမြင့်လျက်ရှိတာတွေ့ရပါတယ်။

ဝေဝေမင်း(ပြည်)