Main menu

Background

ပြည်ကြက်သွန်နီလက်ကားစျေးနှုန်းများကျဆင်း

Wed, 11/18/2020 - 15:00 -- journal_editor

ပြည်ကြက်သွန်နီစျေးကွက်အတွင်း ယခုနို၀င်ဘာ တတိယပတ်တွင် ကြက်သွန်နီပွဲရုံလက်ကားစျေးများ တစ်ပိဿာလျှင် ကျပ် ၁၅၀ ခန့် ကျဆင်းသွားခဲ့ပြီး လက်ကားစျေးအသေးများတွင်တော့ ယခင်စျေးအမြင့်နှင့် ၀ယ်ယူထားခြင်းကြောင့် ယခင်အပတ်စျေးနှုန်းများအတိုင်း ရောင်း၀ယ်လျက်ရှိသည်။ ၀င်ရောက်မှုအနေနဲ့ ပြည်ပွဲရုံစျေးကွက်သို့ ဆိပ်ဖြူ၊ တောင်တွင်း၊ ကံမဘက်မှ ကြက်သွန်နီများပိဿာ(၃၀) ၀င်အိတ် ၂၀၀-၃၀၀ခန့် ၀င်ရောက်မှုရှိနေပြီး အရောင်းအ၀ယ်မှာ အေးနေကြောင်းသိရပါသည်။ ကြက်သွန်နီအဓိက စိုက်ပျိုးထွက်ရှိရာ ဒေသများ၊ ပြည်ပ၀ယ်လက်များ ၀ယ်ယူမှုနည်းသွားခြင်းကြောင့် စျေးနှုန်းအနည်းငယ်ကျဆင်းသွားသည့်အတွက် ပြည်ပွဲရုံများ၌ပင် လက်ကားစျေးနှုန်းများကျဆင်းရခြင်းဖြစ်ကြောင်းသိရပါသည်။ စျေးနှုန်းများအနေနဲ့ ပွဲရုံလက်ကားစျေးတစ်ပိဿာကို (ကြီး/လတ်/သေး)ကျပ် ၁၁၀၀/၉၀၀-၉၅၀/၈၀၀ နှုန်းတို့ရှိပြီးလက်လီစျေးအသေးများတွင်ကျပ် ၁၂၀၀/၁၁၀၀-၁၂၀၀/၁၀၀၀ နှုန်းတို့ဖြင့် အသီးသီး ရောင်း၀ယ်လျက်ရှိကြောင်းသိရပါသည်။

၀င်းလဲ့ဝါ (ပြည်)