Main menu

Background

လွိုင်ကော်၌ယခုလက်ရှိဖြစ်ပေါ်နေသော ကြက်သွန်(နီ)/ကြက်သွန်(ဖြူ)ဈေးနှုန်း

Thu, 11/19/2020 - 12:03 -- journal_editor

ပြည်နယ်အတွင်း ကြက်သွန်(နီ)များကို မိတ္ထီလာနယ်ဘက်မှ အများဆုံးဝင်ရောက်ပြီး ကြက်သွန် (ဖြူ)ကို အောင်ပန်း၊ကလောဒေသတို့မှ သယ်ယူကာရောင်းချလျက်ရှိသော်လည်း ပြည်နယ်အတွင်း ၌လည်း စိုက်ပျိုးလျက်ရှိပါသည်။ လွိုင်ကော်မြို့ပေါ်တွင် ဖြစ်ပေါ်နေသောဈေးနှုန်းများမှာ နိုဝင်ဘာလ တတိယပတ်တွင် ကြက်သွန်( နီ )တစ်ပိဿာလျှင် ကျပ် (၁၂၀၀) ၊ မှ ကျပ်(၁၃၀၀)ထိဈေးနှုန်းပေါက်လျက် ရှိရာ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၂၈၀၀)၊ ရှမ်းစ တစ်ပိဿာလျှင် ကျပ်(၃၀၀၀) ဖြင့်ရောင်းချလျက် ရှိသည်။ ဒေသတွင်းမှထွက်ရှိသော ကြက်သွန်(ဖြူ)ရှမ်းစ တစ်ပိဿာလျှင် ( သေး ) ကျပ် ၁၅၀၀ ၊ (လတ်) ကျပ် ၂၀၀၀ ၊ ( ကြီး) ကျပ် ၂၅၀၀ ဖြင့် ဈေးနှုန်းပေါက်လျက် ရှိကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ရောင်းချနေသော ကြက်သွန်ကုန်သည်များထံ မှ သိရှိရသည်။

အေးအေးမော် (ကယား)