Main menu

Background

ရော်ဘာဈေးနှုန်းပြန်လည်မြင့်တက်လာပြီး မတ်ပဲဈေးကျနေသည့် မော်လမြိုင်ကုန်စည်ဒိုင်

Fri, 11/20/2020 - 13:24 -- journal_editor

၂၀၂၀ နိုဝင်ဘာ ၁၆ ရက်မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်းပေါက်ဈေးများမှာ​ရော်ဘာ R.S.S-3 တစ်ပေါင် ကျပ် ၇၇၀၊ ၁၀၈ ပေါင်(ဆန်သား၉၀%)ဆန်(ဟောင်း)တစ်အိတ် ဈေးနှုန်းမှာ ဧည့်မထကျပ် ၂၉၀၀၀၊ ပေါ်ဆန်းကျပ် ၄၂၀၀၀၊ ပေါ်ကျွဲ ကျပ် ၃၅၀၀၀၊ ၂၀ ပိဿာဝင် ပဲတစ်တင်းဈေးနှုန်းများမှာ ပဲတီစိမ်းကျပ် ၃၆၀၀၀၊  မတ်ပဲကျပ်၃၅၄၀၀၊ ပဲလွန်းဖြူကျပ်၃၄၀၀၀၊ ဘိုကိတ် ကျပ် ၂၆၅၀၀၊ ပဲပုတ် ကျပ် ၂၂၄၀၀၊ မြေပဲ ၆၁၀၀၀ ကျပ်၊ သစ်သီးဝလံမှ ကျွဲကောသီး ပန်းရောင်လက္ကားဈေးတစ်လုံးကျပ် ၁၅၀၀ မှ ၄၀၀၀၊ ကျွဲကောသီးအဖြူရောင်လက္ကားဈေး တစ်လုံးကျပ် ၁၀၀၀ မှ ၂၅၀၀၊ ဒေသထွက်ဒူးရင်းသီးတစ်လုံးကျပ် ၂၀၀၀ မှ ၄၀၀၀၊  မင်းဂွတ်သီး တစ်လုံး ၅၀ မှ ၁၅၀ ကျပ်၊ ရေထွက်ကုန်တစ်ပိဿာ(အလတ်စ)ဈေးနှုန်းမှာငါးဒန် ကျပ် ၂၄၀၀၊ ငါးမြစ်ချင်းကျပ် ၃၀၀၀၊ ငါးဖားမကျပ် ၂၂၀၀၊ တီလားဗီးရားကျပ် ၃၅၀၀၊ ငါးပုတ်သင် ကျပ် ၄၀၀၀၊ ငါးပုဏ္ဏား(ထီး) ကျပ် ၈၀၀၀၊ ကကတစ် ကျပ် ၈၀၀၀၊ ငါးသလောက်(အာနီ) ကျပ် ၁၅၀၀၀၊ ကင်းမွန်ကျပ် ၅၅၀၀ မှ ၈၅၀၀၊ ပုဇွန်ပျော့ ကျပ် ၁၇၀၀၀ မှ ၂၂၀၀၀၊ ရေချိုပုဇွန်ထုပ် (စိမ်း) ကျပ် ၂၅၀၀၀ မှ ၃၈၀၀၀၊ ဂဏန်း(ပန်း) ကျပ် ၃၅၀၀ မှ ၇၀၀၀ အသီးသီးဖြစ်ပေါ် နေကြောင်းသိရှိရသည်။

ယခင်ပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါကရာဘာတစ်ပေါင်(၃၀)ကျပ် ပြန်လည်ဈေးတက်လာပြီး မတ်ပဲတစ်တင်း(၁၁၀၀)ကျပ် ဈေးနှုန်းကျဆင်းနေကြောင်း၊ ဆန်နှင့် သစ်သီးဝလံများအားလုံး ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ ရေထွက်ကုန်များမှာ အရွယ်အစားနှင့် ဝယ်လိုအားပေါ် မူတည်၍ ဈေးနှုန်းအတက်အကျဖြစ်ပေါ်နေကြောင်း  မော်လမြိုင်ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

 

ဝင်းမြတ်၊ ရာမညကုန်သွယ်မှုဗဟိုဌာန