Main menu

Background

တောင်တွင်းကြီးကုန်စည်ဒိုင်တွင် ပဲတီစိမ်းစျေးအနည်းငယ်မြင့်တက်

Fri, 11/20/2020 - 13:33 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီးကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပဲတီစိမ်းများဝင်ရောက်လာပြီး အရည်အသွေးနှင့် ဝယ်လိုအားကြောင့်စျေးများ အနည်းငယ်မြင့်တက်လျက်ရှိသည်။ တောင်တွင်းကြီး ကုန်စည်ဒိုင်တွင် ယခုအပတ် (၁၈.၁၁.၂၀၂၀) ရက်နေ့တွင် ပဲတီစိမ်း ၂၀ ပိဿာ(၁)တင်းလျှင် (၄၂၀ဝဝိ/-) ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျက် ရှိသည်။

          ယခင် (၆.၁၁.၂၀၂၀)ရက်နေ့တွင် ပဲတီစိမ်း ၂၀ပိဿာ(၁)တင်း လျှင်(၄၁၅ဝဝိ/-) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ(၆.၁၁.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း ၂၀ ပိဿာ(၁)တင်းလျှင်(၅ဝဝိ/-)  ဈေးမြင့်တက်လျှက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရသည်။

 

         

      လှမိုးခိုင် (ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)